YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 9

9
ဒါ​ဝိဒ်​နှ​င့်​မေ​ဖိ​ဗော​ရှက်
1တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊#၁​ရာ၊ ၂၀:၁၅-၁၇။ 2ဇိ​ဘ​အ​မည်​ရှိ​သော ရှော​လု၏ အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော ကျွန်​တစ်​ယောက်​ကို အ​ထံ​တော်​သို့​သွင်း၍ ရှင်​ဘု​ရင်​က၊ သင်​သည် ဇိ​ဘ​မှန်​သ​လော​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မှန်​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။ 3ရှင်​ဘု​ရင်​က​လည်း၊ ဘု​ရား​သ​ခင့်​အ​လို​တော်​အ​တိုင်း ငါ​ကျေး​ဇူး​ပြု​စ​ရာ အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​လျှင် ဇိ​ဘ​က၊ ယော​န​သန်၌ ခြေ​ဆွံ့​သော​သား​တစ်​ယောက် ရှိ​ပါ​သေး၏​ဟု လျှောက်​သော်၊#၂​ရာ၊ ၄:၄။ 4ရှင်​ဘု​ရင်​က၊ သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ပြန်​လျှင်၊ ဇိ​ဘ​က၊ လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​သား မာ​ခိ​ရ​အိမ်၌​ရှိ​ပါ​သည်​ဟု လျှောက်၏။ 5ထို​အ​ခါ ဒါ​ဝိဒ်​သည် စေ​လွှတ်၍ ရှော​လု၏​သား​ဖြစ်​သော ယော​န​သန်၏​သား မေ​ဖိ​ဗော​ရှက်​ကို၊ လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​သား​မာ​ခိ​ရ အိမ်​မှ​ခေါ်​ခဲ့၍၊ 6သူ​သည် အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ ပျပ်​ဝပ်​လျက် ရှိ​ခိုး​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ မေ​ဖိ​ဗော​ရှက်​ဟု ခေါ်​လျှင်၊ ကိုယ်​တော်​ကျွန်​ရှိ​ပါ​သည်​ဟု လျှောက်​လေ၏။ 7ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊ 8မေ​ဖိ​ဗော​ရှက်​က၊ ကျွန်​တော်​ကဲ့​သို့​ဖြစ်​ရ​သော ခွေး​သေ​ကောင်​ကို ကိုယ်​တော်​ကြည့်​ရှု​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​ပါ​သ​နည်း​ဟု ဦး​ချ၍​ပြန်​လျှောက်၏။ 9ထို​အ​ခါ​ရှင်​ဘု​ရင်​သည် ရှော​လု၏​ကျွန်​ဇိ​ဘ​ကို​ခေါ်၍၊ ရှော​လု​နှင့် သူ၏​အ​ဆွေ​အ​မျိုး​များ ပိုင်​ထိုက်​သ​မျှ​တို့​ကို သင့်​သ​ခင်၏​သား​အား ငါ​ပေး​ပြီ။ 10သင်​သည် သင်၏​သား​ကျွန်​တို့​နှင့်​တ​ကွ လယ်​လုပ်၍ သင့်​သ​ခင်၏​သား​စား​စ​ရာ​ဖို့ အ​သီး​အ​နှံ​ကို သွင်း​ရ​မည်။ သို့​ရာ​တွင် သင့်​သ​ခင်၏​သား မေ​ဖိ​ဗော​ရှက်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ အ​စာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။ ဇိ​ဘ၌ သား​တစ်​ဆယ်​ငါး​ယောက်​နှင့် ကျွန်​နှစ်​ဆယ်​ရှိ၏။ 11ဇိ​ဘ​က​လည်း၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု နား​တော်​လျှောက်၏။ ထို​နောက်၊ မေ​ဖိ​ဗော​ရှက်​သည် ရှင်​ဘု​ရင်၏​သား​ရင်း​ကဲ့​သို့ စား​ပွဲ​တော်၌ အ​စာ​စား​ရ၏။ 12မေ​ဖိ​ဗော​ရှက်၌ မိ​က္ခာ​အ​မည်​ရှိ​သော သား​ငယ်​တစ်​ယောက် ရှိ၏။ ဇိ​ဘ​အိမ်၌ နေ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်၏​ကျွန် ဖြစ်​ကြ၏။ 13ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ