YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 7

7
နာ​သန်​ဆ​င့်​ဆို​သ​ည့်​အ​မိ​န့်​တော်
(၅​ရာ၊ ၁၇:၁-၁၅)
1ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်​တို့၌​ရှိ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော​ကျေး​ဇူး​ကို ရှင်​ဘု​ရင်​သည်​ခံ​ရ၍၊ နန်း​တော်၌​ငြိမ်​ဝပ်​စွာ နေ​ရ​သော​အ​ခါ။ 2ပ​ရော​ဖက်​နာ​သန်​ကို ခေါ်၍၊ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​မူ​ကား၊ ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊ 3နာ​သန်​က၊ အ​ကြံ​တော်​ရှိ​သ​မျှ​အ​တွင်း ပြု​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။ 4ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် နာ​သန်​သို့ ရောက်၍၊ 5ငါ့​ကျွန်​ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​ဆောက်​ရ​မည်​လော။ 6ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​အ​မျိုး​မျိုး​နှင့် ငါ​လှည့်​လည်​ပြီ။ 7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​လှည့်​လည်​ရာ အ​ရပ်​ရပ်​တို့၌၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည်​ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။ 8ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို​ငါ​နုတ်​ယူ၍၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ 9သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား​တို့​တွင် လူ​ကြီး၏​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ကြီး​စွာ​သော ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​ပြီ။ 10ထို​မှ​တစ်​ပါး ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော​သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊ 11ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ 12သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ အိပ်​ပျော်​သော​အ​ခါ သင်၏​ရင်​သွေး၊ သင်​မှ​ဆင်း​သက်​သော သား​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို​တည်​ထောင်​မည်။#ဆာ၊ ၈၉:၃-၄။ ၁၃၂:၁၁။ ယော၊ ၇:၄၂။ တ၊ ၂:၃၀။ 13ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။ 14ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သူ​သည် ဒု​စ​ရိုက်​ကို​ပြု​လျှင် လူ​သုံး​တတ်​သော ကြိမ်​လုံး​နှင့် ငါ​ဆုံး​မ​မည်။ လူ​သား​ရိုက်​တတ်​သ​ကဲ့​သို့​ငါ​ရိုက်​မည်။#ဆာ၊ ၈၉:၂၆-၂၇။ ၂​ကော၊ ၆:၁၈။ ဟေ​ဗြဲ၊ ၁:၅။ 15သို့​ရာ​တွင် သင့်​ရှေ့​မှာ ငါ​ပယ်​ရှား​သော​ရှော​လု၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။ 16သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။#ဆာ၊ ၈၉:၃၆-၃၇။ 17ထို​ဗျာ​ဒိတ်​တော်​စ​ကား​အ​လုံး​စုံ​တို့​ကို နာ​သန်​သည် ဒါ​ဝိဒ်​အား​ပြန်​ပြော​လေ၏။
ဒါ​ဝိဒ်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း
(၅​ရာ၊ ၁၇:၁၆-၂၇)
18ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​နေ​လျက်၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။ 19သို့​ရာ​တွင် အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော​ကာ​လ​နှင့် ယှဉ်​လျက်​မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ လူ​တို့​သည် ထို​သို့​စီ​ရင်​လေ့​ရှိ​ပါ​သ​လော။ 20ဒါ​ဝိဒ်​သည် အ​ဘယ်​သို့​တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်၏​ကျွန်​ကို​သိ​တော်​မူ၏။ 21နှုတ်​က​ပတ်​တော်​ကို​ထောက်၍၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သိ​ရ​မည်​အ​ကြောင်း၊ ဤ​ကြီး​စွာ​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​တော်​မူ​ပြီ။ 22သို့​ဖြစ်၍ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မည်​မျှ​မ​ရှိ​ပါ။ 23နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။#တ​ရား၊ ၄:၃၄။ 24အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကိုယ်​တော်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​စေ၍၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ 25ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကျွန်၌​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်၏ အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ မိန့်​တော်​မူ​သော စ​ကား​တော်​ကို အ​စဉ်​အ​မြဲ​တည်​စေ​တော်​မူ​ပါ။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ 26ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စိုး​ရ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌​တည်​ပါ​စေ​သော။ 27အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​တည်​စေ​မည်​ဟု ကိုယ်​တော်​ကျွန်​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​ပ​တ္ထ​နာ​ကို ရှေ့​တော်၌ ပြု​ချင်​သော​စိတ်​ရှိ​ပါ၏။ 28ယ​ခု​လည်း အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​မှန်​တော်​မူ၏။ စ​ကား​တော်​လည်း မှန်​ပါ၏။ ဤ​ကျေး​ဇူး​ကို ကိုယ်​တော်​ကျွန်၌ က​တိ​ထား​တော်​မူ​ပြီ။ 29သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း၊ ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ်​ရှိ​တော်​မူ​ပါ။ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ကောင်​ချီး​ပေး​တော်​မူ​သော​မင်္ဂ​လာ​ကို၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် အ​စဉ်​အ​မြဲ​ခံ​ရ​ပါ​စေ​သော​ဟု ဆု​တောင်း​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ