YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 7:1-15

၂ ဓမ္မရာဇဝင် 7:1-15 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်​တို့၌​ရှိ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော​ကျေး​ဇူး​ကို ရှင်​ဘု​ရင်​သည်​ခံ​ရ၍၊ နန်း​တော်၌​ငြိမ်​ဝပ်​စွာ နေ​ရ​သော​အ​ခါ။ ပ​ရော​ဖက်​နာ​သန်​ကို ခေါ်၍၊ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​မူ​ကား၊ ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊ နာ​သန်​က၊ အ​ကြံ​တော်​ရှိ​သ​မျှ​အ​တွင်း ပြု​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် နာ​သန်​သို့ ရောက်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​ဆောက်​ရ​မည်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​အ​မျိုး​မျိုး​နှင့် ငါ​လှည့်​လည်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​လှည့်​လည်​ရာ အ​ရပ်​ရပ်​တို့၌၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည်​ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။ ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို​ငါ​နုတ်​ယူ၍၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား​တို့​တွင် လူ​ကြီး၏​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ကြီး​စွာ​သော ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​ပြီ။ ထို​မှ​တစ်​ပါး ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော​သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ အိပ်​ပျော်​သော​အ​ခါ သင်၏​ရင်​သွေး၊ သင်​မှ​ဆင်း​သက်​သော သား​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို​တည်​ထောင်​မည်။ ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သူ​သည် ဒု​စ​ရိုက်​ကို​ပြု​လျှင် လူ​သုံး​တတ်​သော ကြိမ်​လုံး​နှင့် ငါ​ဆုံး​မ​မည်။ လူ​သား​ရိုက်​တတ်​သ​ကဲ့​သို့​ငါ​ရိုက်​မည်။ သို့​ရာ​တွင် သင့်​ရှေ့​မှာ ငါ​ပယ်​ရှား​သော​ရှော​လု၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။