YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 22

22
ဒါ​ဝိဒ်​၏​အောင်​ပွဲ​သီ​ချင်း
(ဆာ၊ ၁၈)
1ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ 3ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော​ဦး​ချို၊ ငါ၏​ရဲ​တိုက်၊ ငါ​ခို​လှုံ​ရာ၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို​ကယ်​လွှတ်​တော်​မူ၏။ 4ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍၊ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့ ရောက်၏။ 5သေ​ခြင်း​လှိုင်း​တံ​ပိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။ 6မ​ရ​ဏ​နိုင်​ငံ၏ ကြိုး​တို့​သည်​ဝိုင်း၍ သေ​မင်း၏​ကျော့​ကွင်း​သည် ငါ့​ကို​ကျော့​မိ​လျက်​ရှိ၏။ 7ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့​ဝင်​လေ၏။
8ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ မိုး​ကောင်း​ကင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။ 9နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့် မီး​ခဲ​တောက်​လေ၏။ 10မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။ 11ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ ထင်​ရှား​တော်​မူ၏။ 12မှောင်​မိုက်​တည်း​ဟူ​သော တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော​မိုး​တိမ်​တို့​ကို ကိုယ်​တော်၌ ကာ​ရံ​စေ​တော်​မူ၏။ 13ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် မီး​ခဲ​တောက်​လျက်​ရှိ၏။ 14ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို လွှင့်​တော်​မူ၏။ 15လေး​မြား​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။
16ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍၊ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ဖွင့်​လှစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။ 17အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို ဆယ်​ယူ​တော်​မူ၏။ 18ငါ့​ကို​မုန်း​သော သူ​တည်း​ဟူ​သော ငါ​ပြိုင်၍ မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော ရန်​သူ​တို့​လက်​မှ ငါ့​ကို ကယ်​လွှတ်​တော်​မူ၏။ 19ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊ 20ငါ့​ကို​ကျယ်​ဝန်း​ရာ​အ​ရပ်​သို့ ပို့​ဆောင်​တော်​မူ၏။ ငါ့​ကို​နှစ်​သက်​သော​ကြောင့် ကယ်​လွှတ်​တော်​မူ၏။
21ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။ 22အ​ကြောင်း​မူ​ကား၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။ 23စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ မ​လွှဲ။ 24ရှေ့​တော်​မှာ​ဖြောင့်​မတ်၍ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။ 25ထို​ကြောင့် ရှေ့​တော်​မှာ ထင်​ရှား​သော​ငါ၏​ဖြောင့်​မတ်​ခြင်း၊ စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို ပေး​တော်​မူ​ပြီ။ 26သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ 27သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။ 28နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ မာ​န​ထောင်​လွှား​သော သူ​တို့​ကို​ကား​ရှုတ်​ချ​ခြင်း​ငှာ ကြည့်​မှတ်​တော်​မူ၏။ 29အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​မီး​ခွက်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။ 30အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​မှီ​ပြု၍ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။
31ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ 32ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင် ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ 33ထို​ဘု​ရား​သ​ခင်​သည် ငါ၏​ခွန်​အား၊ ငါ၏​တန်​ခိုး​ဖြစ်၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။ 34ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။#ဟ​ဗ၊ ၃:၁၉။ 35ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်၏။
36ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။ 37အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊ 38အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို​လိုက်​ဖျက်၍၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် မ​ပြန်​ပါ။ 39သူ​တို့​သည် အ​ကျွန်ုပ် ခြေ​အောက်​မှာ လဲ​လျက်​ရှိ၍၊ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည် နှိပ်​နင်း​ပယ်​ရှင်း​ပါ၏။ 40အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​စေ​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။ 41အ​ကျွန်ုပ်​ကို မုန်း​သော ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍ ဖျက်​ဆီး​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ၏။ 42သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။ 43ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို မြေ​မှုန့်​ကို​ကဲ့​သို့ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌ အ​မှိုက်​ကို​ကဲ့​သို့​နင်း၍ ဖြန့်​ကြဲ​လေ၏။
44လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။ 45တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို​တောင်း​ပန်၍ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ကြ​ပါ၏။ 46ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။ 47ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍ ငါ၏​ကျောက်၌​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​သော​ကျောက်၏ ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း ရှိ​ပါ​စေ​သ​တည်း။ 48ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ 49ရန်​သူ​တို့​လက်​မှ ငါ့​ကို ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​သော သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ 50ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။#ရော၊ ၁၅:၉။ 51ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို ကယ်​တင်​သော​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား၊ ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ