YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 21

21
ရှော​လု​၏​သား​မြေး​များ​အ​သတ်​ခံ​ရ​ခြင်း
1ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ 2ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။#ယော​ရှု၊ ၉:၃-၁၅။ 3ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​ဗောင်​လူ​တို့​ကို ခေါ်၍၊ သင်​တို့​အ​ဖို့ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မွေ​တော်​ကို ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သို့ အ​ပြစ်​ဖြေ​ရ​မည်​နည်း​ဟု မေး​လျှင်၊ 4ဂိ​ဗောင်​လူ​တို့​က၊ ကျွန်​တော်​တို့​သည် ရှော​လု​နှင့် သူ၏​အ​မျိုး၌ ရွှေ​ငွေ​ကို​မ​တောင်း​ပါ။ ကျွန်​တော်​တို့​အ​တွက် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​ကို​မျှ ကိုယ်​တော်​သည် မ​သတ်​ရ​ဟု ပြန်​လျှောက်​ကြ​သော်၊ သင်​တို့ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။ 5သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​နိုင်​ငံ​အ​တွင်း၌ အ​လျှင်း​မ​နေ​ရ​မည်​အ​ကြောင်း သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ကြိုး​စား​သော​သူ၏- 6သား​ခု​နစ်​ယောက်​တို့​ကို ကျွန်​တော်​တို့​လက်​သို့​အပ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော ရှော​လု​နေ​ရာ​ဂိ​ဗာ​မြို့၌ ထို​သူ​တို့​ကို ကျွန်​တော်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဆွဲ​ထား​ပါ​မည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။ 7သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။#၁​ရာ၊ ၂၀:၁၅-၁၇။ ၂​ရာ၊ ၉:၁-၇။ 8သို့​ဖြစ်၍ ရှင်​ဘု​ရင်​သည် အဲ​အာ​သ​မီး​ရိ​ဇ​ပ​ဖွား​မြင်​သော ရှော​လု၏​သား အာ​မော​နိ​နှင့် မေ​ဖိ​ဗော​ရှက်​နှစ်​ယောက်​မှ​စ၍၊ ရှော​လု၏​သ​မီး​မေ​ရပ်​တွင် မေ​ဟော​လ​သိ​အ​မျိုး ဗာ​ဇိ​လဲ၏​သား​အ​ဒြေ​လ​မြင်​သော သား​ငါး​ယောက်​တို့​ကို​ယူ၍၊#၁​ရာ၊ ၁၈:၁၉။ 9ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။ 10အဲ​အာ​သ​မီး​ရိ​ဇ​ပ​သည် စ​ပါး​ရိတ်​စ​ကာ​လ​မှ​စ၍ မိုး​မ​ရွာ​မီ​တိုင်​အောင် လျှော်​တေ​ကို​ယူ၍ ကျောက်​ပေါ်​မှာ အိပ်​စ​ရာ​ဖို့​ခင်း​လျက်၊ နေ့​အ​ချိန်​တွင် အ​လောင်း​ကောင်​အ​ပေါ်၌ ငှက်​မ​နား၊ ည​အ​ချိန်​တွင် သား​ရဲ​မ​ကိုက်​စေ​ခြင်း​ငှာ စောင့်​ရှောက်​လျက်​နေ၏။ 11ရှော​လု၏​ကိုယ်​လုပ်​တော် အဲ​အာ​သ​မီး ရိ​ဇ​ပ​ပြု​သော​အ​မှု​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ၊ 12ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊#၁​ရာ၊ ၃၁:၈-၁၃။ 13ထို​အ​ရပ်​မှ​ဆောင်​သွား​သ​ဖြင့်၊ ဆွဲ​ထား​သော သူ​တို့၏​အ​ရိုး​များ​ကို​လည်း စု​သိမ်း​ပြီး​လျှင်၊ 14ဗင်္ယာ​မိန်​ပြည်၊ ဇေ​လ​ရွာ၊ ရှော​လု​အ​ဘ​ကိ​ရှ၏​သင်္ချိုင်း၌​သင်္ဂြိုဟ်၍၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​ကြ​ပြီး​သည်​နောက်၊ နိုင်​ငံ​တော်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ၏။
ထွား​ကြိုင်း​သ​ည့်​ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​နှ​င့်​တိုက်​ပွဲ
( ၅​ရာ၊ ၂၀:၄-၈)
15နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​စစ်​တိုက်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​သည် ဆီး​ကြို၍ တိုက်​လှန်​ကြ​စဉ်၊ ဒါ​ဝိဒ်​သည် မော​ပန်း​လျက်​နေ​လေ၏။ 16ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။ 17ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ကူ​ညီ၍ ဖိ​လိ​တ္တိ​လူ​ကို တိုက်​သတ်​လေ၏။ ထို​အ​ခါ ဒါ​ဝိဒ်၏ လူ​တို့​က၊ ဣ​သ​ရေ​လ​အ​လင်း​ကွယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့​နှင့်​အ​တူ နောက်​တစ်​ဖန် စစ်​ချီ​ကြွ​တော်​မ​မူ​ရာ​ဟု ကျိန်​ဆို​လျက် လျှောက်​ကြ၏။#၃ ရာ၊ ၁၁:၃၆၊ ဆာ၊ ၁၃၂:၁၇။ 18နောက်​တစ်​ဖန် ဂေါ​ဘ​မြို့​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး​သာ​ဖ​ကို သတ်​လေ၏။ 19နောက်​တစ်​ဖန် ဂေါ​ဘ​မြို့​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ဗက်​လင်​မြို့​သား​ဖြစ်​သော ယ​ဣ​ရ၏​သား ဧ​လ​ဟာ​နန်​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ရိုး​ကို​သုံး​စွဲ​သော ဂိ​တ္တိ​အ​မျိုး ဂေါ​လျတ်၏​ညီ​လာ​ခ​မိ​ကို သတ်​လေ၏။ 20နောက်​တစ်​ဖန် ဂါ​သ​မြို့​မှ​စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊ 21ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ၏​သား​ယော​န​သန်​သည် ထို​သူ​ကို သတ်​လေ၏။ 22ထို​သူ​လေး​ယောက်​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး၏​သား​ဖြစ်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ