YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 21:1-6

၂ ဓမ္မရာဇဝင် 21:1-6 JBMLE

ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​ဗောင်​လူ​တို့​ကို ခေါ်၍၊ သင်​တို့​အ​ဖို့ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မွေ​တော်​ကို ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သို့ အ​ပြစ်​ဖြေ​ရ​မည်​နည်း​ဟု မေး​လျှင်၊ ဂိ​ဗောင်​လူ​တို့​က၊ ကျွန်​တော်​တို့​သည် ရှော​လု​နှင့် သူ၏​အ​မျိုး၌ ရွှေ​ငွေ​ကို​မ​တောင်း​ပါ။ ကျွန်​တော်​တို့​အ​တွက် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​ကို​မျှ ကိုယ်​တော်​သည် မ​သတ်​ရ​ဟု ပြန်​လျှောက်​ကြ​သော်၊ သင်​တို့ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။ သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​နိုင်​ငံ​အ​တွင်း၌ အ​လျှင်း​မ​နေ​ရ​မည်​အ​ကြောင်း သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ကြိုး​စား​သော​သူ၏- သား​ခု​နစ်​ယောက်​တို့​ကို ကျွန်​တော်​တို့​လက်​သို့​အပ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော ရှော​လု​နေ​ရာ​ဂိ​ဗာ​မြို့၌ ထို​သူ​တို့​ကို ကျွန်​တော်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဆွဲ​ထား​ပါ​မည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။