YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 2

2
ဒါ​ဝိဒ်​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​သွန်း​ခြင်း
1ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 2ဒါ​ဝိဒ်​သည် မ​ယား​နှစ်​ယောက်၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်၊ နာ​ဗ​လ​မ​ယား က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​နှင့်​တ​ကွ သွား​လေ၏။#၁​ရာ၊ ၂၅:၄၂-၄၃။ 3မိ​မိ၌​ပါ​သော​လူ​များ၊ အိမ်​ထောင်​များ​တို့​ကို​လည်း ဒါ​ဝိဒ်​သည်​ခေါ်​ခဲ့၍ သူ​တို့​သည် ဟေ​ဗြုန်​မြို့​ရွာ​တို့၌​နေ​ကြ၏။ 4တစ်​ဖန် ယု​ဒ​လူ​တို့​သည် လာ၍​ဘိ​သိက်​ပေး​သ​ဖြင့် ဒါ​ဝိဒ်​ကို ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။#၁​ရာ၊ ၃၁:၁၁-၁၃။
5ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​သည် ရှော​လု​ကို သင်္ဂြိုဟ်​ပါ​ပြီ​ဟု ဒါ​ဝိဒ်​အား​ကြား​လျှောက်​သော်၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​ရှိ​ရာ​သို့ တ​မန်​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် သင်​တို့​အ​ရှင်​ရှော​လု၌ က​ရု​ဏာ​ကျေး​ဇူး​ပြု၍ အ​လောင်း​တော်​ကို သင်္ဂြိုဟ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​ပါ​စေ​သော။ 6ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ က​ရု​ဏာ​ကျေး​ဇူး၊ သ​စ္စာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ သင်​တို့​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့် သင်​တို့​ကျေး​ဇူး​ကို ငါ​လည်း​ဆပ်​မည်။ 7ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။
ဣ​ရှ​ဗော​ရှက်​ကို​ဣ​သ​ရေ​လ​ဘု​ရင်​တင်​မြှောက် ခြင်း
8သို့​ရာ​တွင် ရှော​လု၏​ဗိုလ်​ချုပ်​မင်း​နေ​ရ​သား အာ​ဗ​နာ​သည်၊ ရှော​လု​သား ဣ​ရှ​ဗော​ရှက်​ကို​ယူ၍ မ​ဟာ​နိမ်​မြို့​သို့ ဆောင်​သွား​ပြီး​လျှင်၊ 9ဂိ​လဒ်​ပြည်၊ အာ​ရှာ​အ​မျိုး​သား​များ၊ ယေ​ဇ​ရေ​လ​မြို့​သား​များ၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​လေ၏။ 10ရှော​လု၏​သား​ဣ​ရှ​ဗော​ရှက်​သည် အ​သက်​လေး​ဆယ်​ရှိ​သော်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ၍ နှစ်​နှစ်​စိုး​စံ​လေ၏။ ယု​ဒ​အ​မျိုး​မူ​ကား ဒါ​ဝိဒ်​နောက်​သို့​လိုက်​ကြ၏။ 11ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​အ​မျိုး​ကို အ​စိုး​ရ​သော​နှစ်​ပေါင်း​ကား ခု​နစ်​နှစ်​နှင့်​ခြောက်​လ ဖြစ်​သ​တည်း။
ဣ​သ​ရေ​လ​ပြည်​နှ​င့် ယု​ဒ​ပြည်​စစ်​ဖြစ်​ခြင်း
12တစ်​ဖန် နေ​ရ​သား အာ​ဗ​နာ​သည် ရှော​လု​သား ဣ​ရှ​ဗော​ရှက်၏ ကျွန်​များ​နှင့်​တ​ကွ၊ မ​ဟာ​နိမ်​မြို့​မှ ဂိ​ဗောင်​မြို့​သို့​သွား၍၊ 13ဇေ​ရု​ယာ​သား​ယွာ​ဘ​နှင့် ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဆီး​ကြို​သ​ဖြင့်၊ ဂိ​ဗောင်​ရေ​ကန်​အ​နား​မှာ ဆုံ​မိ​လျက် ရေ​ကန်​တစ်​ဖက်​တစ်​ချက်၌ ထိုင်​ကြ၏။ 14အာ​ဗ​နာ​က​လည်း၊ လု​လင်​တို့​သည်​ထ၍ ငါ​တို့​ရှေ့​မှာ က​စား​ကြ​ပါ​လေ​စေ​ဟု ဆို​သော်၊ ယွာ​ဘ​က ထ​ကြ​ပါ​လေ​စေ​ဟု ဆို​သည်​အ​တိုင်း၊ 15ရှော​လု​သား​ဣ​ရှ​ဗော​ရှက်၏ လူ​ဗင်္ယာ​မိန်​အ​မျိုး​သား တစ်​ကျိပ်​နှစ်​ယောက်​နှင့် ဒါ​ဝိဒ်၏​ကျွန် တစ်​ကျိပ်​နှစ်​ယောက်​တို့​သည် ထ၍ ကူး​လာ​ကြ၏။ 16သူ​တို့​သည် လူ​ချင်း​တိုက်၍ လူ​တိုင်း မိ​မိ​တိုက်​ဖက်၏ ခေါင်း​ကို​ကိုင်​လျက်၊ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် တစ်​စု​တည်း လဲ​သေ​ကြ၏။ သို့​ဖြစ်၍ ဂိ​ဗောင်​မြို့​နယ်၌​ရှိ​သော ထို​အ​ရပ်​ကို ဟေ​လ​က​သ​ဇ္ဇု​ရိမ်​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​ကြ၏။ 17ထို​နေ့၌ ပြင်း​စွာ​စစ်​တိုက်၍ အာ​ဗ​နာ​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ရှေ့​မှာ ရှုံး​ကြ​လေ၏။ 18ဇေ​ရု​ယာ​သား​သုံး​ယောက်၊ ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အာ​သ​ဟေ​လ ပါ​ကြ၏။ အာ​သ​ဟေ​လ​သည် တော၌​ကျင်​လည်​သော​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်၏။ 19အာ​သ​ဟေ​လ​သည် လက်​ယာ​ဘက်​လက်​ဝဲ​ဘက် သို့​မ​လွဲ အာ​ဗ​နာ​ကို​လိုက်၏။ 20အာ​ဗ​နာ​သည် နောက်​သို့​ကြည့်၍၊ သင်​သည် အာ​သ​ဟေ​လ​မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ပြန်​ပြော၏။ 21အာ​ဗ​နာ​က​လည်း၊ လက်​ယာ​ဘက်​သော်​လည်း​ကောင်း၊ လက်​ဝဲ​ဘက်​သော်​လည်း​ကောင်း လှည့်​သွား​လျက်၊ လု​လင်​တစ်​ယောက်​ကို ဖမ်း​ဆီး၍ သူ၏​လက်​နက်​စုံ​ကို လု​ယူ​တော့​ဟု ဆို​သော်​လည်း၊ အာ​သ​ဟေ​လ​သည် မ​လှည့်​ဘဲ လိုက်​သေး၏။ 22တစ်​ဖန် အာ​ဗ​နာ​က ငါ့​ကို​မ​လိုက်​နှင့်။ လှည့်​သွား​တော့။ သင့်​ကို မြေ​ပေါ်​သို့​အ​ဘယ်​ကြောင့် ငါ​လှဲ​ရ​မည်​နည်း။ သို့​ပြု​လျှင် သင့်​အစ်​ကို​ယွာ​ဘ​ရှေ့​မှာ ငါ့​မျက်​နှာ​ကို အ​ဘယ်​သို့ ငါ​ပြ​နိုင်​မည်​နည်း​ဟု ဆို​သော်​လည်း၊ 23အာ​သ​ဟေ​လ​သည် နား​မ​ထောင်​သော​ကြောင့်၊ အာ​ဗ​နာ​သည် နောက်​သို့​လှံ​နှင့်​ထိုး​လျှင်၊ ဝမ်း၌​လှံ​ဖျား​ဝင်၍ ကျော​ကို​ထုတ်​ချင်း​ဖောက်​သ​ဖြင့်၊ အာ​သ​ဟေ​လ​သည်​လဲ၍ ထို​အ​ရပ်၌​သေ၏။ အာ​သ​ဟေ​လ လဲ၍​သေ​သော ထို​အ​ရပ်​သို့ ရောက်​သော​သူ​အ​ပေါင်း​တို့​သည် ရပ်​နေ​ကြ၏။ 24ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​လိုက်၍ ဂိ​ဗောင်​တော​သို့ သွား​သော​လမ်း​နား၊ ဂိ​အာ​မြို့​ရှေ့​မှာ​ရှိ​သော အ​မ္မ​တောင်​သို့​ရောက်​သော​အ​ခါ နေ​ဝင်၏။
25ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အာ​ဗ​နာ​နောက်၌ စု​ဝေး၍ တစ်​တပ်​တည်း​ဖွဲ့​လျက် တောင်​ပေါ်​မှာ ရပ်​နေ​ကြ၏။ 26ထို​အ​ခါ အာ​ဗ​နာ​က၊ ယွာ​ဘ​ကို​ဟစ်၍၊ ဓား​သွား​သည် အ​စဉ်​မ​ပြတ် ကိုက်​စား​ရ​မည်​လော။ နောက်​ဆုံး၌ ခါး​သော​အ​ရ​သာ​ကို တွေ့​လိမ့်​မည်​ဟု မ​သိ​သော လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်၊ ပြန်​စေ​မည်​အ​ကြောင်း သင်​သည်​အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး မ​စီ​ရင်​ဘဲ​နေ​မည်​နည်း​ဟု ဆို​လျှင်၊ 27ယွာ​ဘ​က၊ ဘု​ရား​သ​ခင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​မ​ပြော​လျှင်၊ မိုး​လင်း​မှ​သာ လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်​ဘဲ နေ​ကြ​လိမ့်​မည်​ဟု​ဆို​လျက်၊ 28တံ​ပိုး​မှုတ်၍ လူ​များ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လိုက်၊ စစ်​မ​တိုက်​ဘဲ ရပ်​နေ​ကြ၏။ 29အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး လွင်​ပြင်​သို့​လျှောက်​သွား၍ ယော်​ဒန်​မြစ်​ကို​ကူး​ပြီး​လျှင်၊ ဗိ​သ​ရုန်​ပြည်​ကို​လွန်၍ မ​ဟာ​နိမ်​မြို့​သို့ ရောက်​ကြ၏။ 30ယွာ​ဘ​သည်​လည်း အာ​ဗ​နာ​ကို​လိုက်​ရာ​မှ ပြန်၍ လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သော​အ​ခါ၊ အာ​သ​ဟေ​လ​နှင့် ဒါ​ဝိဒ်၏​ကျွန် တစ်​ကျိပ်​ကိုး​ယောက်​တို့​သည်​မ​ရှိ၊ ဆုံး​ကြ​ပြီ။ 31ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား၊ အာ​ဗ​နာ၏​လူ​သုံး​ရာ​ခြောက်​ဆယ်​တို့​ကို သေ​အောင်​လုပ်​ကြံ​ကြ​ပြီ။ 32အာ​သ​ဟေ​လ၏​အ​လောင်း​ကို​ထမ်း​သွား၍ ဗက်​လင်​မြို့၌​ရှိ​သော သူ့​အ​ဘ၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး​သွား၍၊ မိုး​လင်း​စ​တွင် ဟေ​ဗြုန်​မြို့​သို့​ရောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ