YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 15:13-31

၂ ဓမ္မရာဇဝင် 15:13-31 JBMLE

သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ငါ​တို့​သည် ထ၍​ပြေး​ကြ​ကုန်​အံ့၊ မ​ပြေး​လျှင် အ​ဗ​ရှ​လုံ​လက်​နှင့်​မ​လွတ်၊ အ​လျင်​အ​မြန် ထွက်​ကြ​ကုန်​အံ့။ သို့​မ​ဟုတ်​လျှင် သူ​သည် ချက်​ချင်း​တိုက်​လာ​သ​ဖြင့်၊ ငါ​တို့​ကို ဘေး​ပြု၍ မြို့​ကို​လည်း ဓား​နှင့်​လုပ်​ကြံ​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တွင် အ​ထံ​တော်၌​ရှိ​သော ကျွန်​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။ ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​သွား၏။ သို့​ရာ​တွင် နန်း​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ကိုယ်​လုပ်​တော်​မိန်း​မ​တစ်​ကျိပ်​တို့​ကို ထား​ခဲ့​လေ၏။ ထို​သို့​ရှင်​ဘု​ရင်​နှင့် ကိုယ်​တော်၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ထွက်​သွား၍ ဗေ​သာ​မေ​ရက်​ရွာ​မှာ စ​ခန်း​ချ​ကြ၏။ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​လိုက်​ကြ၏။ ဂါ​သ​မြို့​မှ လိုက်​လာ​သော​သူ ခြောက်​ရာ​တည်း​ဟူ​သော ဂိ​တ္တိ​လူ​အ​ပေါင်း​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​အ​ပေါင်း​သည် ရှေ့​တော်၌​ချီ​သွား​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​တ္တိ​လူ​အိ​တ္တဲ​အား​လည်း၊ ငါ​တို့​နှင့် အ​ဘယ်​ကြောင့်​လိုက်​သ​နည်း။ ရှင်​ဘု​ရင်​ထံ​သို့ ပြန်၍​နေ​လော့။ သင်​သည် တစ်​ပါး​အ​မျိုး​သား၊ နေ​ရာ​မ​ကျ​သော​ဧည့်​သည်​ဖြစ်၏။ မ​နေ့​က​သာ ရောက်​လာ​သည်​ဖြစ်၍၊ ယ​နေ့​ငါ​တို့​နှင့်​အ​တူ အ​ရပ်​ရပ်​လှည့်​လည်​ရ​မည်​လော။ ငါ​သည် သွား​ရ​သော အ​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ရ​သော​ကြောင့်၊ သင်​သည် အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍ ပြန်​လော့။ က​ရု​ဏာ​နှင့် သ​စ္စာ​ရှိ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။ အိ​တ္တဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ အ​ရှင်​မင်း​ကြီး​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်၍ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ဆုံး​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည်​ဖြစ်​စေ၊ ရှိ​တော်​မူ​ရာ​အ​ရပ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​သော်၊ ဒါ​ဝိဒ်​က၊ ချီ​သွား​လော့​ဟု အိ​တ္တဲ​အား မိန့်​တော်​မူ​သ​ဖြင့်၊ ဂိ​တ္တိ​လူ​အိ​တ္တဲ​သည် မိ​မိ၌​ပါ​သော လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ချီ​သွား​လေ၏။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် ချီ​သွား၍၊ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​တိုင် ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ လူ​အ​ပေါင်း​တို့​သည်​ကူး၍ တော​လမ်း​သို့ လိုက်​သွား​ကြ၏။ ဇာ​ဒုတ်​နှင့် လေ​ဝိ​လူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်​ရောက်​လာ၍ သေ​တ္တာ​တော်​ကို ချ​ထား​ကြ၏။ လူ​အ​ပေါင်း​တို့​သည် မြို့​ထဲ​က​ထွက်၍ မ​ကုန်​မီ​တိုင်​အောင် အ​ဗျာ​သာ​သည် ယဇ်​ပူ​ဇော်​လျက်​နေ၏။ ရှင်​ဘု​ရင်​သည် ဇာ​ဒုတ်​ကို​ခေါ်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မြို့​ထဲ​သို့​ပြန်​ပို့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စိတ်​တော်​နှင့်​တွေ့​လျှင် ငါ့​ကို​ပို့​ပြန်၍ သေ​တ္တာ​တော်​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ကို​လည်း​ကောင်း ပြ​တော်​မူ​မည်။ သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။ သင်​တို့​ကြား​လျှောက်​စေ​သော စ​ကား​မ​ရောက်​မီ ငါ​သည်​တော​လွင်​ပြင်၌ ဆိုင်း​လင့်၍​နေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပို့၍ ထို​မြို့၌​နေ​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။ အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။