YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 14

14
ယေရုရှလင်သို့အ​ဗ​ရှ​လုံ​ပြန်​လာ​ခြင်း
1ထို​သို့​ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​သို့ ပါ​သွား​ကြောင်း​ကို ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ရိပ်​မိ​သော​အ​ခါ၊ 2တေ​ကော​မြို့​သို့​စေ​လွှတ်၍ ပ​ညာ​ရှိ​သော​မိန်း​မ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ဆီ​မ​လိမ်း​ပါ​နှင့်။ စိတ်​မ​သာ ညည်း​တွား​ဟန်​ပြု၍ မ​သာ​အ​ဝတ်​ကို ဝတ်​ပါ​တော့။ လူ​သေ​အ​တွက် ကြာ​မြင့်​စွာ ငို​ကြွေး​သော​မိန်း​မ ယောင်​ဆောင်​လျက်၊ 3ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ဤ​သို့​လျှောက်​ရ​မည်​ဟု သွန်​သင်​လေ၏။ 4ထို​တေ​ကော​မြို့​သူ​မိန်း​မ​သည် အ​ထံ​တော်​သို့​ဝင်၍ မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လျက်၊ အ​ရှင်​မင်း​ကြီး၊ ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ 5ရှင်​ဘု​ရင်​က​လည်း၊ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင် မိန်း​မ​က၊ ကျွန်​တော်​မ​သည် လင်​သေ​သော မု​ဆိုး​မ​ဖြစ်​ပါ၏။ 6ကိုယ်​တော်​ကျွန်​မ၌ သား​နှစ်​ယောက်​ရှိ​ပါ၏။ ထို​သား​နှစ်​ယောက်​တို့​သည် ခိုက်​ရန်​ပြု​ကြ​ပါ၏။ ဖျန်​ဖြေ​သော​သူ​မ​ရှိ​သော​ကြောင့် တစ်​ယောက်​သည်​တစ်​ယောက်​ကို သေ​သည်​တိုင်​အောင် လုပ်​ကြံ​ပါ၏။ 7ယ​ခု​မှာ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကျွန်​မ​တစ်​ဖက်၌ ထ​ကြ၍ အစ်​ကို​ကို​သတ်​သော​သူ​ကို သေ​စား​သေ​စေ​ခြင်း​ငှာ အပ်​ရ​မည်။ အ​မွေ​ခံ​ကို​လည်း ငါ​တို့​ပယ်​ရှင်း​မည်​ဟု ဆို​ကြ​ပါ၏။ ထို​သို့​ပြု​လျှင်၊ ကျွန်​တော်​မ၌ ကျန်​ကြွင်း​သေး​သော​မီး​ခဲ​ကို သူ​တို့​သည် သတ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မ​လင်၏​အ​မည်​ကို​လည်း​ကောင်း၊ အ​ကျန်​အ​ကြွင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​လေ​သော်၊ 8ရှင်​ဘု​ရင်​က သင့်​အိမ်​သို့ ပြန်​သွား​လော့။ သင့်​အ​မှု​ကို ငါ​စီ​ရင်​မည်​ဟု မိန်း​မ​အား​မိန့်​တော်​မူ၏။ 9တေ​ကော​မြို့​သူ​မိန်း​မ​က​လည်း၊ အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​ဆွေ​အ​မျိုး၌ အ​ပြစ်​ရောက်​ပါ​စေ။ ရှင်​ဘု​ရင်​နှင့် ရာ​ဇ​ပ​လ္လင်​တော်​သည် အ​ပြစ်​လွတ်​ပါ​စေ​ဟု​လျှောက်​လျှင်၊ 10ရှင်​ဘု​ရင်​က၊ သင်၌​အ​ပြစ်​တင်​သော​သူ​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ နောက်​တစ်​ဖန် သင့်​ကို မ​နှောင့်​ယှက်​ရ​ဟု မိန့်​တော်​မူ​သော်၊ 11မိန်း​မ​က၊ သေ​စား​သေ​စေ​သော​သူ​တို့​သည် ကျွန်​တော်​မ၏​သား​ကို​သတ်​မည်​ဟု စိုး​ရိမ်​ပါ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​ထူး​သ​ဖြင့် မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​သား၏​ဆံ​ပင်​တစ်​ပင်​မျှ မြေ​ပေါ်​သို့​မ​ကျ​ရ​ဟု မိန့်​တော်​မူ၏။ 12တစ်​ဖန် မိန်း​မ​က​လည်း၊ ကိုယ်​တော်​ကျွန်​မ​သည် အ​ရှင်​မင်း​ကြီး​အား စ​ကား​တစ်​ခွန်း​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လျှင်၊ လျှောက်​လော့​ဟု မိန့်​တော်​မူ၏။ 13မိန်း​မ​က​လည်း၊ သို့​ဖြစ်​လျှင် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ​တို့​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ကြံ​စည်​တော်​မူ​သ​နည်း။ အ​ရှင်​မင်း​ကြီး နှင်​ထုတ်​သော​သူ​ကို တစ်​ဖန်​ခေါ်​တော်​မ​မူ​သ​ဖြင့်၊ ကိုယ်​ကို​အ​ပြစ်​တင်၍ စီ​ရင်​တော်​မူ​ပါ​ပြီ​တ​ကား။ 14ငါ​တို့​သည် သေ​အံ့​သော​သူ ဖြစ်​ကြ၏။ မြေ​ပေါ်​မှာ​သွန်​ပြီး​လျှင် နောက်​တစ်​ဖန်​ကျုံး၍ မ​ယူ​နိုင်​သော​ရေ​နှင့် တူ​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မ​ထောက်​သော်​လည်း၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် အ​စဉ်​နှင်​ထုတ်​ခြင်း​ကို​ခံ၍ မ​နေ​ရ​မည်​အ​ကြောင်း ကြံ​စည်​တော်​မူ၏။ 15သို့​ဖြစ်၍ ကျွန်​တော်​မ​သည်​လာ၍ ဤ​အ​မှု​ကို အ​ရှင်​မင်း​ကြီး​အား လျှောက်​ရ​သည်​အ​ကြောင်း​မှာ၊ ကျွန်​တော်​မ​ကြောက်​အောင် လူ​များ​တို့​သည် ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​မ​က​လည်း၊ ရှင်​ဘု​ရင်​ကို ငါ​လျှောက်​မည်။ ရှင်​ဘု​ရင်​သည် ငါ​တောင်း​ပန်​သည်​အ​တိုင်း ပြု​ကောင်း​ပြု​တော်​မူ​မည်။ 16ငါ​နှင့် ငါ့​သား​ကို ဘု​ရား​သ​ခင်၏​အ​မွေ​တော်​မြေ​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​သော သူ၏​လက်​မှ ငါ့​ကို​နုတ်​အံ့​သော​ငှာ နား​ထောင်​တော်​မူ​လိမ့်​မည်​ဟု ဆို​ပါ၏။ 17ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။#၂​ရာ၊ ၁၉:၂၇။ 18ထို​အ​ခါ ရှင်​ဘု​ရင်​က၊ ငါ​မေး​မြန်း​သည်​အ​မှု​ကို မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​အ​မိန့်​ရှိ​သော်၊ မိန်း​မ​က အ​ရှင်​မင်း​ကြီး​အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ 19ရှင်​ဘု​ရင်​က​လည်း၊ ဤ​အ​မှု၌ ယွာ​ဘ​သည် သင့်​အား အ​ကြံ​ပေး​သည်​မ​ဟုတ်​လော​ဟု​မေး​သော်၊ မိန်း​မ​က အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သော စ​ကား​လမ်း​မှ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ အ​ဘယ်​သူ​မျှ​မ​လွှဲ​နိုင်​ရာ။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် ကျွန်​တော်​မ​ကို​မှာ​ထား၍ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သွန်​သင်​ပါ၏။ 20ပ​ရိ​ယာယ်​ပြု၍ ဤ​သို့​အ​ယောင်​ဆောင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် စီ​ရင်​ပါ၏။ အ​ရှင်​သ​ခင်​သည်​လည်း မြေ​ကြီး​ပေါ်​မှာ ရှိ​သ​မျှ​တို့​ကို သိ​နိုင်​သည်​တိုင်​အောင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ပ​ညာ​ရှိ​သ​ကဲ့​သို့ ပ​ညာ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်​လေ၏။
21ထို​အ​ခါ​ရှင် ဘု​ရင်​က၊ ဤ​အ​မှု​ကို ငါ​စီ​ရင်​ရ၏။ သင်​သွား၍ ထို​လု​လင်​အ​ဗ​ရှ​လုံ​ကို တစ်​ဖန်​ခေါ်​ရ​မည်​ဟု ယွာ​ဘ​အား​မိန့်​တော်​မူ၏။ 22ယွာ​ဘ​သည်​လည်း မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် အ​သ​နား​တော်​ခံ​သည်​အ​တိုင်း အ​ရှင်​မင်း​ကြီး ပြု​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ကြောင်း​ကို ကျွန်​တော်​သိ​ပါ​သည်​ဟု ကျေး​ဇူး​တော်​ကို ဝန်​ခံ​လေ၏။ 23ထို​နောက် ယွာ​ဘ​သည်​ထ၍ ဂေ​ရှု​ရ​မြို့​သို့​သွား​သ​ဖြင့်၊ အ​ဗ​ရှ​လုံ​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​လေ၏။ 24ရှင်​ဘု​ရင်​က​လည်း၊ မိ​မိ​အိမ်​သို့​သွား​စေ။ ငါ့​မျက်​နှာ​ကို မ​မြင်​စေ​နှင့်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ဗ​ရှ​လုံ​သည် မိ​မိ​အိမ်​သို့​သွား၍ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို မ​မြင်​ရ။
ဒါ​ဝိဒ်​နှ​င့်​အ​ဗ​ရှ​လုံ​ပြန်​လည်​သ​င့်​မြတ်​ခြင်း
25ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။ 26ဆံ​ပင်​လေး​သော​ကြောင့်၊ နှစ်​တိုင်း​ဖြတ်၍ တစ်​နှစ်​လျှင် အ​ကျပ်​တော်​အ​တိုင်း အ​ကျပ်​သုံး​ဆယ်​ရ​တတ်၏။ 27အ​ဗ​ရှ​လုံ​သည် သား​သုံး​ယောက်​နှင့် တာ​မာ​အ​မည်​ရှိ​သော သ​မီး​တစ်​ယောက်​ကို​မြင်​လေ၏။ သ​မီး​သည် အ​လွန်​လှ​သော​သူ​ဖြစ်၏။
28အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို​မ​မြင်​ရ​ဘဲ နှစ်​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့၌​နေ​ပြီး​မှ၊ 29ယွာ​ဘ​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​အ​ကြံ​နှင့် ခေါ်​သော​အ​ခါ ယွာ​ဘ​သည်​မ​လာ။ 30ဒု​တိ​ယ​အ​ကြိမ်​ခေါ်​သော်​လည်း​မ​လာ။ ထို​ကြောင့် ကျွန်​တို့​အား၊ ယွာ​ဘ၏​လယ်​သည် ငါ​တို့​နေ​ရာ နှင့်​နီး​ပြီ။ မု​ယော​စ​ပါး​ရှိ၏။ သွား၍​မီး​ရှို့​ကြ​ဟု စီ​ရင်​သည်​အ​တိုင်း အ​ဗ​ရှ​လုံ၏​ကျွန်​တို့​သည်​မီး​ရှို့​ကြ၏။ 31ထို​အ​ခါ ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​အိမ်​သို့​ထ​သွား၍၊ ကိုယ်​တော်၏​ကျွန်​တို့​သည် ကျွန်​တော်​လယ်​ကို အ​ဘယ်​ကြောင့် မီး​ရှို့​ကြ​သ​နည်း​ဟု မေး​သော်၊ 32အ​ဗ​ရှ​လုံ​က၊ ငါ​သည် ဂေ​ရှု​ရ​မြို့​မှ အ​ဘယ်​ကြောင့် လာ​ရ​သ​နည်း။ ထို​မြို့၌ ယ​ခု​တိုင်​အောင် နေ​ကောင်း​သည်​ဟု လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​ဟု ငါ​ခေါ်၏။ ယ​ခု​မှာ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို ငါ​မြင်​ရ​ပါ​စေ။ အ​ပြစ်​ရှိ​လျှင် သတ်​တော်​မူ​ပါ​စေ​ဟု ယွာ​ဘ​အား​ပြော​ဆို​သော်၊ 33ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​သွား၍ လျှောက်​သ​ဖြင့်၊ အ​ဗ​ရှ​လုံ​ကို ခေါ်​တော်​မူ၏။ အ​ဗ​ရှ​လုံ​သည်​လာ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်၏။ ရှင်​ဘု​ရင်​သည် သူ​ကို​နမ်း​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ