YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 13:1-36

၂ ဓမ္မရာဇဝင် 13:1-36 JBMLE

ဒါ​ဝိဒ်၏​သား အ​ဗ​ရှ​လုံ၌ တာ​မာ​အ​မည်​ရှိ​သော အ​ဆင်း​လှ​သော​နှ​မ​တစ်​ယောက်​ရှိ၏။ ဒါ​ဝိဒ်၏​သား အာ​မ​နုန်​သည် ထို​နှ​မ​ကို ချစ်​လေ၏။ ချစ်​အား​ကြီး​သော​ကြောင့် နာ၍​နေ၏။ နှ​မ​တော်​သည် အ​ပျို​က​ညာ​ဖြစ်၏။ သူ၌​အ​ဘယ်​သို့ အ​လို​ပြည့်​စုံ​မည်​ကို အာ​မ​နုန်​သည် ကြံ၍​မ​ရ​နိုင်။ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ​သား ယော​န​ဒပ်​သည် အာ​မ​နုန်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။ ထို​ယော​န​ဒပ်​သည် လိ​မ္မာ​သော​သူ​ဖြစ်၏။ ကိုယ်​တော်​သည် ရှင်​ဘု​ရင်၏​သား​တော်​ဖြစ်​လျက် အ​ဘယ်​ကြောင့် တစ်​နေ့​ထက်​တစ်​နေ့ ပိန်​ချုံး​တော်​မူ​သ​နည်း။ ကျွန်​တော်​ကို မ​ပြော​ချင်​သ​လော​ဟု မေး​လျှင်၊ အာ​မ​နုန်​က၊ ငါ့​ညီ​အ​ဗ​ရှ​လုံ၏ နှ​မ​တာ​မာ​ကို တပ်​သော​စိတ်​ရှိ​သည်​ဟု ပြန်​ပြော၏။ ယော​န​ဒပ်​က​လည်း၊ ခု​တင်​ပေါ်​မှာ တုံး​လုံး​နေ၍ နာ​ဟန်​ဆောင်​ပါ။ ခ​မည်း​တော်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ​လာ၍ ကျွေး​မွေး​ပါ​စေ။ သူ​ချက်​သော စား​စ​ရာ​ကို အ​ကျွန်ုပ်​သည်​မြင်၍ သူ​လက်၌​စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ ချက်​ပါ​စေ​ဟု အ​ခွင့်​တောင်း​ရ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊ အာ​မ​နုန်​သည် တုံး​လုံး​နေ၍ နာ​ဟန်​ပြု၏။ ရှင်​ဘု​ရင်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အာ​မ​နုန်​က၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ လာ​ပါ​စေ။ သူ​လက်၌ အ​ကျွန်ုပ်​သည် စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ မုန့်​ပြား​နှစ်​ပြား​ကို​လုပ်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား အ​ခွင့်​တောင်း​လေ၏။ ဒါ​ဝိဒ်​သည်​လည်း တာ​မာ​အိမ်​သို့ လူ​ကို​စေ​လွှတ်၍၊ သင်၏​မောင် အာ​မ​နုန်​အိမ်​သို့ သွား​ပြီး​လျှင် စား​စ​ရာ​ကို​ချက်​ပေး​ပါ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တာ​မာ​သည် မောင်​အာ​မ​နုန်​အိမ်​သို့​သွား၍ အာ​မ​နုန်​သည် တုံး​လုံး​နေ၏။ တာ​မာ​သည် မုန့်​ညက်​ကို​ယူ၍ နယ်​ပြီး​မှ၊ မောင်​ရှေ့​မှာ မုန့်​ပြား​တို့​ကို​လုပ်၍ ဖုတ်​လေ၏။ ပန်း​ကန်​ပြား​ကို​လည်း​ယူ၍ အာ​မ​နုန်​ရှေ့​မှာ​လောင်း​ထား​သော်​လည်း သူ​သည်​မ​စား​ဘဲ လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှ​ထွက်​သွား​စေ​ဟု ဆို​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ထွက်​သွား​ကြ၏။ တာ​မာ​အား​လည်း၊ သင့်​လက်၌ ငါ​စား​ရ​အောင် အ​ခန်း​ထဲ​သို့​ယူ​ခဲ့​လော့​ဟု ဆို​သည်​အ​တိုင်း၊ တာ​မာ​သည် မိ​မိ​လုပ်​သော​မုန့်​ပြား​တို့​ကို​ယူ၍ မောင်​အာ​မ​နုန်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။ ထို​သို့ အာ​မ​နုန်​စား​စ​ရာ​ဖို့ ယူ​ခဲ့​သော​အ​ခါ၊ သူ​သည် နှ​မ​လက်​ကို​ဆွဲ၍၊ ငါ့​နှ​မ၊ ငါ​နှင့်​အိပ်​ပါ​ဟု ဆို၏။ တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။ ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ နှ​မ​ထက်​အား​ကြီး​သ​ဖြင့် အ​နိုင်​ပြု၍ အိပ်​လေ၏။ တစ်​ဖန် အာ​မ​နုန်​သည် နှ​မ​ကို​အ​လွန်​မုန်း​ပြန်၏။ အ​ရင် ချစ်​အား​ကြီး​သည်​ထက် မုန်း​အား​သာ၍​ကြီး​သ​ဖြင့်၊ သင်​ထ၍​သွား​တော့​ဟု ဆို၏။ နှ​မ​က​လည်း အ​ကြောင်း​မ​ရှိ​ပါ။ ငါ၌​ပြု​ဖူး​သော​အ​ပြစ်​ထက် ယ​ခု​နှင်​ထုတ်​သော​အ​ပြစ် သာ၍​ကြီး​သည်​ဟု ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ အ​စေ​ခံ​ကျွန်​တစ်​ယောက်​ကို ခေါ်၍ ဤ​မိန်း​မ​ကို​နှင်​ထုတ်​လော့။ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လော့​ဟု စီ​ရင်၏။ အ​ပျို​က​ညာ​ဖြစ်​သော ရှင်​ဘု​ရင်၏​သ​မီး​တော် ဝတ်​တတ်​သည်​အ​တိုင်း၊ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဝတ်​လျက်​ရှိ​သော တာ​မာ​ကို အ​စေ​ခံ​ကျွန်​သည်​နှင်​ထုတ်၍ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လေ၏။ တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။ မောင်​ရင်း​အ​ဗ​ရှ​လုံ​က​လည်း၊ ငါ့​အစ်​ကို​အာ​မ​နုန်​သည် သင်​နှင့်​အ​တူ​ရှိ​ပြီ​လော။ သို့​သော်​လည်း​ငါ့​နှ​မ တိတ်​ဆိတ်​စွာ​နေ​လော့။ သူ​သည် သင်၏​မောင်​ဖြစ်၏။ ဤ​အ​မှု​ကို​မ​မှတ်​နှင့်​ဟု ဆို​သော်၊ တာ​မာ​သည် မိ​မိ​မောင်​အ​ဗ​ရှ​လုံ​အိမ်၌ ဆိတ်​ညံ​စွာ​နေ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထို​အ​မှု​အ​လုံး​စုံ​ကို ကြား​သိ​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၏။ အ​ဗ​ရှ​လုံ​သည် အစ်​ကို​အာ​မ​နုန်​အား ကောင်း​သော​စ​ကား၊ မ​ကောင်း​သော​စ​ကား​ကို မ​ပြော။ သို့​ရာ​တွင် နှ​မ​တာ​မာ​ကို​ရှုတ်​ချ​သော​ကြောင့် အ​ငြိုး​ထား၏။ ထို​နောက် နှစ်​နှစ်​စေ့​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဧ​ဖ​ရိမ်​မြို့​အ​နား၊ ဗာ​လ​ဟာ​ဇော်​ရွာ​မှာ သိုး​မွေး​ညှပ်​ပွဲ​ကို​ခံ၍ ရှင်​ဘု​ရင်၏​သား​တော်​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။ အ​ဗ​ရှ​လုံ​သည်​လည်း ရှင်​ဘု​ရင်​ထံ​တော်​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​သည် သိုး​မွေး​ညှပ်​ပွဲ​ကို ခံ​ပါ၏။ ကျွန်​များ​တို့​ကို​ခေါ်၍ ကိုယ်​တော်​ကျွန်​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ကြွ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က မ​သွား​သင့်​ငါ့​သား၊ လူ​အ​ပေါင်း​တို့​ကို မ​သွား​စေ​နှင့်။ စ​ရိတ်​များ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု ဆို​သ​ဖြင့်၊ အ​ဗ​ရှ​လုံ သွေး​ဆောင်​သော်​လည်း ကိုယ်​တော်​တိုင်​မ​လိုက်​ဘဲ ကောင်း​ချီး​ပေး၏။ အ​ဗ​ရှ​လုံ​က​လည်း၊ လိုက်​တော်​မ​မူ​လျှင်၊ နောင်​တော်​အာ​မ​နုန် လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က အ​ဘယ်​ကြောင့် လိုက်​စေ​ရ​မည်​နည်း​ဟု ဆို​သော်​လည်း၊ အ​ဗ​ရှ​လုံ​ပူ​ဆာ​သော​ကြောင့် အာ​မ​နုန်​မှ​စ၍ သား​တော်​ရှိ​သ​မျှ လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊ သူ​တို့​သည် အာ​မ​နုန်​ကို ပြု​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်၏ သား​တော်​အ​ပေါင်း​တို့​သည် ထ၍ လား​ကို​စီး​လျက် ပြေး​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ခြား​သူ​လာ၍၊ အ​ဗ​ရှ​လုံ​သည် အ​ရှင်​မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို သတ်​ပါ​ပြီ။ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ပါ​ဟု နား​တော်​လျှောက်​လေ၏။ ရှင်​ဘု​ရင်​သည်​ထ၍ အ​ဝတ်​တော်​ကို​ဆုတ်​လျက် မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ကျွန်​တော်​အ​ပေါင်း​တို့​သည်​လည်း၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက် အ​နား​တော်၌​နေ​ကြ၏။ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ၏​သား​ယော​န​ဒပ်​က၊ အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​ကို သတ်​လေ​ပြီ​ဟူ​သော​စ​ကား​ကို ယုံ​တော်​မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ​ပါ​ပြီ။ အ​ဗ​ရှ​လုံ​နှ​မ တာ​မာ​ကို အာ​မ​နုန်​သည် ရှုတ်​ချ​သော​နေ့​မှ​စ၍ ဤ​အ​မှု​ကို​သူ၏ မောင်​စီ​ရင်​ပါ​ပြီ။ ယ​ခု​မှာ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​သည် သေ​ကြ​ပြီ​ဟု​ထင်​လျက် စိတ်​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ၍ အ​ဗ​ရှ​လုံ​လည်း ပြေး​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ကင်း​စောင့်​လု​လင်​သည် မျှော်​ကြည့်၍၊ မိ​မိ​နောက်၌ တောင်​ခြေ​ရင်း​လမ်း​မှာ လူ​များ​လာ​သည်​ကို မြင်၏။ ယော​န​ဒပ်​က​လည်း၊ အ​ရှင်​မင်း​ကြီး၏​သား​တော်​တို့​သည် လာ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​ပြော​သော​စ​ကား မှန်​ပါ၏​ဟု လျှောက်​သည်​အ​ဆုံး၌၊ ရှင်​ဘု​ရင်၏​သား​တော်​တို့​သည်​ရောက်​လာ၍ အ​သံ​ကို​လွှင့်​လျက် ငို​ကြွေး​ကြ၏။ ရှင်​ဘု​ရင်​နှင့် ကျွန်​တော်​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။