YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 7

7
1ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ဆင့်​ဆို၏။ 2ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။
ရှု​ရိ​တပ်​မ​တော်​ထွက်​ခွာ​သွား​ခြင်း
3ထို​အ​ခါ မြို့​တံ​ခါး​ဝ၌​ထိုင်​လျက်​ရှိ​သော လူ​နူ​လေး​ယောက်​တို့​က၊ ငါ​တို့​သည် သေ​သည်​တိုင်​အောင် အ​ဘယ်​ကြောင့် ဤ​အ​ရပ်၌ ထိုင်​ရ​မည်​နည်း။ 4မြို့​ထဲ​သို့​ဝင်​လျှင် အ​စာ​ခေါင်း​ပါး​သော​ကြောင့် သေ​ရ​မည်။ ဤ​အ​ရပ်၌ ထိုင်​လျက်​နေ​လျှင်​လည်း သေ​ရ​မည်။ သို့​ဖြစ်၍ ရှု​ရိ​တပ်​သို့ ဝင်​စား​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​သက်​ရှင်​စေ​လျှင် ရှင်​ရ​မည်။ သတ်​လျှင်​သေ​ရ​မည်​ဟု တိုင်​ပင်​ပြီး​လျှင်၊ 5မိုး​မ​လင်း​မီ​ထ၍ ရှု​ရိ​တပ်​သို့​သွား​ကြ၏။ တပ်​ဦး​သို့ ရောက်​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ မ​တွေ့​ကြ။ 6အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊ 7မိုး​မ​လင်း​မီ​ထ၍ သူ​တို့​တဲ၊ မြင်း၊ မြည်း​အ​စ​ရှိ​သော တစ်​တပ်​လုံး​ကို စွန့်​ပစ်၍ ကိုယ်​အ​သက်​လွတ်​အောင် ပြေး​ကြ၏။ 8လူ​နူ​တို့​သည် တပ်​ဦး​သို့​ရောက်​သော​အ​ခါ၊ တဲ​တစ်​ခု​ထဲ​သို့​ဝင်၍ စား​သောက်​ပြီး​မှ၊ ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​များ​ကို ယူ​သွား​ပြီး​လျှင် ဝှက်​ထား​ကြ၏။ နောက်​တစ်​ဖန် အ​ခြား​သော​တဲ​သို့​ဝင်၍၊ ဥ​စ္စာ​များ​ကို ယူ​သွား​ပြီး​လျှင် ဝှက်​ထား​ကြ၏။ 9သို့​ရာ​တွင်၊ ငါ​တို့​သည် ကောင်း​မွန်​စွာ​မ​ပြု​ပါ​တ​ကား။ ယ​ခု​နေ့​သည် ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ရ​သော​နေ့​ဖြစ်​လျက်၊ ငါ​တို့​သည် မ​ကြား​မ​ပြော​ဘဲ နေ​ပါ​ပြီ​တ​ကား။ မိုး​လင်း​သည်​တိုင်​အောင် မ​ပြော​ဘဲ​နေ​လျှင် အ​မှု​တစ်​စုံ​တစ်​ခု ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ နန်း​တော်၌ သ​တင်း​ကြား​ပြော​အံ့​သော​ငှာ ငါ​တို့​သည်​သွား​ကြ​ကုန်​အံ့​ဟု တိုင်​ပင်​ပြီး​မှ၊ 10မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊ 11တံ​ခါး​စောင့်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဟစ်၍၊ ထို​သ​တင်း​သည် နန်း​တော်​ထဲ​သို့ ရောက်​လေ၏။ 12မိုး​မ​လင်း​မီ ရှင်​ဘု​ရင်​သည်​ထ၍၊ ရှု​ရိ​လူ​တို့​သည် ငါ​တို့၌ အ​ဘယ်​သို့​ပြု​လို​သည်​ကို ငါ​ပြော​မည်။ သူ​တို့​က မြို့​ပြင်​သို့​ထွက်​သော မြို့​သား​တို့​ကို အ​ရှင်​ဖမ်း​ပြီး​မှ၊ မြို့​ထဲ​သို့​ဝင်​မည်​အ​ကြံ​ရှိ၍၊ ငါ​တို့​ငတ်​မွတ်​ကြောင်း​ကို သိ​သော​ကြောင့်၊ မိ​မိ​တို့​တပ်​ပြင်​သို့​ထွက်၍ တော၌​ပုန်း​ရှောင်​လျက် နေ​ကြ​သည်​ဟု​ဆို​လျှင်၊ 13ကျွန်​တစ်​ယောက်​က၊ မြို့၌ ကျန်​ကြွင်း​သော မြင်း​ငါး​စီး​ကို ပေး​တော်​မူ​ပါ။ ထို​မြင်း​မူ​ကား ပျက်​စီး​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ အ​မျိုး​အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ပါ၏။ ထို​မြင်း​တို့​ကို စီး​လျက်​သွား၍ ကြည့်​ရှု​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြီး​မှ၊ 14ရ​ထား​မြင်း​နှစ်​စီး​ကို​ယူ​ပြီး​လျှင် သွား၍​ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​သည် ရှု​ရိ​ဗိုလ်​ခြေ​နောက်​သို့ စေ​လွှတ်​သည်​အ​တိုင်း၊ 15ယော်​ဒန်​မြစ်​တိုင်​အောင် လိုက်​ကြ၏။ ရှု​ရိ​လူ​တို့​သည် အ​လျင်​အ​မြန်၊ ပြေး​ရာ​တွင်၊ ပစ်​ခဲ့​သော အ​ဝတ်​တန်​ဆာ​တို့​သည် လမ်း၌​ပြည့်​လျက်​ရှိ​ကြ၏။ စေ​လွှတ်​သူ​တို့​သည် ပြန်​လာ၍ နား​တော်​လျှောက်​ကြ၏။ 16ထို​အ​ခါ မြို့​သား​တို့​သည်​ထွက်၍ ရှု​ရိ​တဲ​တို့​ကို လု​ယူ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရောင်း​ကြ၏။ 17ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော အ​မတ်​သည်၊ အ​မိန့်​တော်​တိုင်း တံ​ခါး​တော်​ကို​စောင့်​သည်​တွင်၊ ထွက်​ဝင်​သော​သူ​တို့​နင်း​မိ၍ ဘု​ရား​သ​ခင်၏​လူ​သည် ရှင်​ဘု​ရင်​ရောက်​လာ​သော​အ​ခါ ပြော​ဆို​နှင့်​သည်​အ​တိုင်း၊ ထို​အ​မတ်​သေ​လေ၏။ 18ဘု​ရား​သ​ခင်၏​လူ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား​ဆင့်​ဆို​သည်​အ​တိုင်း ဖြစ်၏။ 19အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊ 20ထို​အ​မတ်၌​ဖြစ်၏။ မြို့​တံ​ခါး​ဝ​မှာ မြို့​သား​တို့​နင်း​ခြင်း​ကို ခံ​ရ၍​သေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ