YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 4:38-44

၄ ဓမ္မရာဇဝင် 4:38-44 JBMLE

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ဟင်း​သီး​ဟင်း​ရွက်​ကို​ဆွတ်​ခြင်း​ငှာ လယ်​ပြင်​သို့​သွား၍ တော​နွယ်​ပင်​ကို​တွေ့​လျှင်၊ တော​ဘူး​သီး​ပိုက်​နိုင်​သ​မျှ​ကို ဆွတ်​ယူ​ပြီး​မှ၊ ထို​ဘူး​မျိုး​ကို​မ​သိ​ဘဲ ဟင်း​အိုး​ထဲ​သို့​ခတ်​လေ၏။ ဟင်း​အိုး​စား​အံ့​ဟု လောင်း​ပြီး​မှ ဝိုင်း၍​စား​ကြ​စဉ်​တွင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ အိုး​ထဲ၌ သေ​ဘေး​ရှိ​ပါ​သည်​ဟု အော်​ဟစ်၍ မ​စား​နိုင်​ဘဲ​နေ​ကြ၏။ ဧ​လိ​ရှဲ​က​လည်း၊ မုန့်​ညက်​ကို​ယူ​ခဲ့​ဟု​ဆို၍ အိုး​ထဲ​မှာ​ခတ်​ပြီး​လျှင်၊ လူ​များ​စား​စ​ရာ​ဖို့ လောင်း​ဦး​လော့​ဟု​ဆို​ပြန်​သော်၊ အိုး၌​ဘေး​မ​ရှိ။ တစ်​ဖန် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ လူ​တစ်​ယောက်​သည်​လာ၍၊ အ​ဦး​သီး​သော မု​ယော​ဆန်​ဖြင့်​လုပ်​သော မုန့်​လုံး​နှစ်​ဆယ်​နှင့် အိတ်၌​ထည့်​သော အ​သီး​အ​နှံ​များ​ကို ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ဆောင်​ခဲ့၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လူ​များ​ကို ကျွေး​လော့​ဟု​ဆို​လျှင်၊ ကျွန်​က အ​ဘယ်​သို့​နည်း။ ကျွန်​တော်​သည် လူ​တစ်​ရာ​ကို ဤ​မျှ​နှင့် ကျွေး​နိုင်​ပါ​မည်​လော​ဟု မေး​လျှင်၊ ဧ​လိ​ရှဲ​က ဤ​လူ​များ​ကို ကျွေး​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သူ​တို့​သည် ဝ​စွာ​စား​ကြ​သော်​လည်း စား​စ​ရာ​ကျန်​ကြွင်း​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊ ကျွန်​သည် လူ​များ​ရှေ့​မှာ​ထည့်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​နှင့်​အ​ညီ ထို​သူ​တို့​သည်​ဝ​စွာ​စား​ကြ၍၊ စား​စ​ရာ​ကျန်​ကြွင်း​လျက်​ရှိ၏။