YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 4:1-7

၄ ဓမ္မရာဇဝင် 4:1-7 JBMLE

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊ ဧ​လိ​ရှဲ​က သွား​လော့။ အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​တွင် လပ်​သော​အိုး​တို့​ကို ငှား​ယူ​လော့။ များ​စွာ​သော​အိုး​တို့​ကို ငှား​ယူ​လော့။ ကိုယ်​အိမ်​သို့ ရောက်​သော​အ​ခါ၊ သား​တို့​ကို​ခေါ်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ ငှား​ယူ​သော အိုး​များ​အ​ထဲ​သို့ ဆီ​ကို​အ​ပြည့်​လောင်း၍ ထား​လော့​ဟု စီ​ရင်​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည်​သွား၍ သား​တို့​သည်​အိုး​များ​ကို​ယူ​ခဲ့​ပြီး​မှ၊ မိန်း​မ​သည် သား​တို့​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​လျက် ဆီ​ကို​လောင်း​လေ၏။ အိုး​များ၌ ဆီ​ပြည့်​သော​အ​ခါ၊ အိုး​တစ်​လုံး​ကို​ယူ​ခဲ့​ဦး​ဟု သား​အား​ဆို​လျှင်၊ အိုး​လပ်​မ​ရှိ​ပါ​ဟု ပြန်​ပြော​သော်၊ ဆီ​သည် တန့်​လျက်​နေ၏။ ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။