YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 20:1-11

၄ ဓမ္မရာဇဝင် 20:1-11 JBMLE

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည်​သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။ ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။ ဟေ​ရှာ​ယ​သည် နန်း​တော်​အ​လယ်​တံ​တိုင်း​သို့ မ​ရောက်​မီ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊ သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။ သင့်​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍​ပေး​မည်။ သင်​နှင့်​ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ငါ့​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း​ထောက်၍ ဤ​မြို့​ကို ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။ ဟေ​ရှာ​ယ​က​လည်း၊ သင်္ဘော​သ​ဖန်း​သီး အ​လုံး​အ​ထွေး​ကို​ယူ​ခဲ့​လော့​ဟု​ဆို​သည်​အ​တိုင်း ယူ​ခဲ့၍ အ​နာ​ကို​အုံ​ပြီး​မှ မင်း​ကြီး​သက်​သာ​လေ၏။ ဟေ​ဇ​ကိ​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​နာ​ကို​ပျောက်​စေ၍ သုံး​ရက်​လွန်​လျှင် ငါ​သည် ဗိ​မာန်​တော်​သို့ တက်​လိမ့်​မည်​ဆို​သော်၊ အ​ဘယ်​လ​က္ခ​ဏာ​သက်​သေ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ဟေ​ရှာ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​တော်​မူ​သော လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ အ​ရိပ်​သည် ဆယ်​ချက်​တိုး​ရ​မည်​လော။ ဆယ်​ချက်​ဆုတ်​ရ​မည်​လော​ဟု မေး​သော်၊ ဟေ​ဇ​ကိ​က၊ အ​ရိပ်​သည် ဆယ်​ချက်​တိုး​လွယ်၏။ ထို​သို့​အ​လို မ​ရှိ။ ဆယ်​ချက်​ဆုတ်​ပါ​စေ​ဟု ပြန်​ပြော၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သော​အ​ခါ၊ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​တော်​မူ၏။