YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:29-35

၄ ဓမ္မရာဇဝင် 19:29-35 JBMLE

သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။ ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။ လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။ ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။