YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:29-35

၄ ဓမ္မရာဇဝင် 19:29-35 Judson Bible (JBMLE)

သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။ ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။ လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။ ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။

၄ ဓမ္မရာဇဝင် 19:29-35 Common Language Bible (BCL)

ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။- ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။- ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။- သူ​သည်​မြို့​ထဲ​သို့​မဝင်​ရ​ဘဲ​လာ​လမ်း​ဖြင့်​ပြန် ရ​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။- ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။ ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။

၄ ဓမ္မရာဇဝင် 19:29-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။ အသက်ဘေး​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​သည် အောက်​ဘက်​တွင် ပြန်​၍​အမြစ်​စွဲ​မည်​။ အပေါ်​ဘက်​တွင် ပြန်​၍​အသီး​သီး​မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း​၊ လွတ်မြောက်​သော​သူ​တို့​သည် ဇိအုန်​တောင်​ပေါ်မှ​လည်းကောင်း ထွက်ပေါ်​လာ​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​မည်’​ဟု မိန့်ဆို​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို ရည်ညွှန်း​၍ ‘​သူ​သည် ဤ​မြို့​သို့​ဝင်​ရ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ မြား​ကို​ပစ်​ရ​မည်​မ​ဟုတ်​။ ဤ​မြို့​ရှေ့​သို့ ဒိုင်းလွှား​ဖြင့် ချဉ်းကပ်​ရ​မည်​မ​ဟုတ်​။ မြေကတုတ်​လည်း ဆောက်​ရ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘​သူ​သည် လာ​သော​လမ်း​ဖြင့် ပြန်သွား​ရ​မည်​။ ဤ​မြို့​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​၊ ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။ ထို​ည​မှာပင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါး​ထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​ကို​သာ တွေ့​ရ​၏​။