YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 16:1-20

၄ ဓမ္မရာဇဝင် 16:1-20 JBMLE

ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့​မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို မ​ပြု၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​တတ်၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။ သို့​ရာ​တွင်၊ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​သည် ဧ​လတ်​မြို့​ကို ရှု​ရိ​နိုင်​ငံ​သို့​သွင်း​ပြန်၍၊ ယု​ဒ​လူ​တို့​ကို နှင်​ထုတ်​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လာ၍ ယ​နေ့​တိုင်​အောင် ဧ​လတ်​မြို့၌ နေ​ကြ၏။ ထို​ကြောင့် အာ​ခတ်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ကျွန်ုပ်​သည် ကိုယ်​တော်​သား၊ ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ လာ​ပါ။ ကျွန်ုပ်​ကို​ရန်​ဘက်​ပြု​သော ရှု​ရိ​ရှင်​ဘု​ရင်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​မှ ကယ်​ယူ​ပါ​ဟု တောင်း​ပန်၏။ တစ်​ဖန် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း ရှိ​သော​ရွှေ​ငွေ​ကို​ယူ၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ထံ​သို့ လက်​ဆောင်​ပေး​လိုက်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။ အာ​ခတ်​မင်း​ကြီး​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​မြို့​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​မြင်​လျှင်၊ ပ​လ္လင်​ပုံ၊ အ​တိုင်း​အ​ရှည်၊ တန်​ဆာ​ရှိ​သ​မျှ​ကို​ရေး၍ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ထံ​သို့ ပေး​လိုက်၏။ ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။ ရှင်​ဘု​ရင်​သည် ဒ​မာ​သက်​မြို့​မှ​ရောက်​လာ​သော​အ​ခါ၊ ထို​ယဇ်​ပ​လ္လင်​ကို​မြင်၍ ချဉ်း​ကပ်​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​မီး​ရှို့၏။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို​လည်း သွန်း​လောင်း၏။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ဗိ​မာန်​တော်​ရှေ့၊ ယဇ်​ပ​လ္လင်​ကြီး​နှင့် ဗိ​မာန်​တော်​စပ်​ကြား​အ​ရပ်​မှ​ရွှေ့၍ ယဇ်​ပ​လ္လင်​ကြီး မြောက်​ဘက်၌ ထား၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ကို မှာ​ထား​သည်​ကား၊ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နှင့် ညဉ့်​ဦး​ယံ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ၊ ရှင်​ဘု​ရင်​မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ပြည်သူပြည်သားမီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပ​လ္လင်​ကြီး​ပေါ်​မှာ မီး​ရှို့​လော့။ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော ယဇ်​မျိုး​အ​သွေး​ကို​လည်း ထို​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လော့။ ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် ငါ​မေး​မြန်း​စ​ရာ​ဖို့ ရှိ​ရ​မည်​ဟု၊ အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။ အာ​ခတ်​မင်း​ကြီး​သည် ကြေး​ဝါ​ခုံ​တန်​ဆာ​တို့​ကို ပယ်၍ အင်​တုံ​ကို​လည်း​ရွှေ့၏။ ကြေး​ဝါ​ရေ​ကန်​ကို​လည်း ကြေး​ဝါ​နွား​တို့​အ​ပေါ်​က ချ၍ ကျောက်​ခင်း​ပေါ်​မှာ တင်​ထား၏။ ဗိ​မာန်​တော်၌ ဥ​ပုသ်​စောင့်​စ​ရာ​ဖို့ ဆောက်​သော​မ​ဏ္ဍပ်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တက်​ရာ စောင်း​တန်း​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကြောင့်​ပယ်၏။ အာ​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။