YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 16:1-20

၄ ဓမ္မရာဇဝင် 16:1-20 Judson Bible (JBMLE)

ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့​မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို မ​ပြု၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​တတ်၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။ သို့​ရာ​တွင်၊ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​သည် ဧ​လတ်​မြို့​ကို ရှု​ရိ​နိုင်​ငံ​သို့​သွင်း​ပြန်၍၊ ယု​ဒ​လူ​တို့​ကို နှင်​ထုတ်​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လာ၍ ယ​နေ့​တိုင်​အောင် ဧ​လတ်​မြို့၌ နေ​ကြ၏။ ထို​ကြောင့် အာ​ခတ်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ကျွန်ုပ်​သည် ကိုယ်​တော်​သား၊ ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ လာ​ပါ။ ကျွန်ုပ်​ကို​ရန်​ဘက်​ပြု​သော ရှု​ရိ​ရှင်​ဘု​ရင်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​မှ ကယ်​ယူ​ပါ​ဟု တောင်း​ပန်၏။ တစ်​ဖန် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း ရှိ​သော​ရွှေ​ငွေ​ကို​ယူ၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ထံ​သို့ လက်​ဆောင်​ပေး​လိုက်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။ အာ​ခတ်​မင်း​ကြီး​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​မြို့​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​မြင်​လျှင်၊ ပ​လ္လင်​ပုံ၊ အ​တိုင်း​အ​ရှည်၊ တန်​ဆာ​ရှိ​သ​မျှ​ကို​ရေး၍ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ထံ​သို့ ပေး​လိုက်၏။ ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။ ရှင်​ဘု​ရင်​သည် ဒ​မာ​သက်​မြို့​မှ​ရောက်​လာ​သော​အ​ခါ၊ ထို​ယဇ်​ပ​လ္လင်​ကို​မြင်၍ ချဉ်း​ကပ်​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​မီး​ရှို့၏။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို​လည်း သွန်း​လောင်း၏။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ဗိ​မာန်​တော်​ရှေ့၊ ယဇ်​ပ​လ္လင်​ကြီး​နှင့် ဗိ​မာန်​တော်​စပ်​ကြား​အ​ရပ်​မှ​ရွှေ့၍ ယဇ်​ပ​လ္လင်​ကြီး မြောက်​ဘက်၌ ထား၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ကို မှာ​ထား​သည်​ကား၊ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နှင့် ညဉ့်​ဦး​ယံ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ၊ ရှင်​ဘု​ရင်​မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ပြည်သူပြည်သားမီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပ​လ္လင်​ကြီး​ပေါ်​မှာ မီး​ရှို့​လော့။ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော ယဇ်​မျိုး​အ​သွေး​ကို​လည်း ထို​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လော့။ ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် ငါ​မေး​မြန်း​စ​ရာ​ဖို့ ရှိ​ရ​မည်​ဟု၊ အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။ အာ​ခတ်​မင်း​ကြီး​သည် ကြေး​ဝါ​ခုံ​တန်​ဆာ​တို့​ကို ပယ်၍ အင်​တုံ​ကို​လည်း​ရွှေ့၏။ ကြေး​ဝါ​ရေ​ကန်​ကို​လည်း ကြေး​ဝါ​နွား​တို့​အ​ပေါ်​က ချ၍ ကျောက်​ခင်း​ပေါ်​မှာ တင်​ထား၏။ ဗိ​မာန်​တော်၌ ဥ​ပုသ်​စောင့်​စ​ရာ​ဖို့ ဆောက်​သော​မ​ဏ္ဍပ်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တက်​ရာ စောင်း​တန်း​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကြောင့်​ပယ်၏။ အာ​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

၄ ဓမ္မရာဇဝင် 16:1-20 Common Language Bible (BCL)

ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊- ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။- ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။ ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။- (ထို​အ​ချိန်​၌​ပင်​လျှင်​ဧ​ဒုံ​ဘု​ရင်​သည်​ဧ​လတ် မြို့​ကို​ပြန်​လည်​သိမ်း​ယူ​ပြီး​နောက် ထို​ပြည်​တွင် နေ​ထိုင်​သူ​ယု​ဒ​ပြည်​သား​တို့​အား​နှင်​ထုတ် လိုက်​လေ​သည်။ ဧ​ဒုံ​ပြည်​သား​တို့​သည်​ဧ​လတ် မြို့​သို့​လာ​ရောက်​နေ​ထိုင်​၍​ယ​နေ့​တိုင်​အောင် ရှိ​နေ​ကြ​သ​တည်း။-) အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။- အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။- တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။ အာ​ခတ်​မင်း​သည်​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ် ပိ​လေ​သာ​ကို​တွေ့​ဆုံ​ရန် ဒ​မာ​သက်​မြို့​သို့​သွား သော​အ​ခါ ထို​မြို့​တွင်​ရှိ​သော​ယဇ်​ပလ္လင်​ကို​မြင် သ​ဖြင့် ထို​ယဇ်​ပလ္လင်​၏​ပုံ​တူ​တစ်​ခု​ကို​စေ့​စပ် သေ​ချာ​စွာ​ပြု​လုပ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ် ဥ​ရိ​ယ​ထံ​သို့​ပေး​ပို့​လိုက်​၏။- သို့​ဖြစ်​၍​ဥ​ရိ​ယ​သည်​ထို​ပုံ​စံ​အ​တိုင်း တိ​ကျ စွာ​ယဇ်​ပလ္လင်​တစ်​ခု​ကို​အာ​ခတ်​မင်း​ပြန်​၍ မ​ရောက်​မီ အ​ပြီး​ဆောက်​လုပ်​ထား​လေ​သည်။- ဒ​မာ​သက်​မြို့​မှ​ပြန်​၍​ရောက်​ရှိ​လာ​သော အ​ခါ အာ​ခတ်​မင်း​သည်​တည်​ဆောက်​ပြီး သည့်​ယဇ်​ပလ္လင်​ကို​မြင်​လေ​လျှင်၊- ထို​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​များ​နှင့်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​၏။ ထို​နောက် စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ​နှင့် မိတ်​သ​ဟာ​ယ ယဇ်​ဆိုင်​ရာ​သွေး​တို့​ကို​လည်း ထို​ယဇ်​ပလ္လင်​ပေါ် တွင်​သွန်း​လောင်း​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​ကြေး ဝါ​ပလ္လင်​မှာ ယဇ်​ပလ္လင်​သစ်​နှင့်​ဗိ​မာန်​တော်​စပ်​ကြား တွင်​တည်​ရှိ​နေ​သော​ကြောင့် အာ​ခတ်​သည်​ထို ပလ္လင်​ကို​ယဇ်​ပလ္လင်​သစ်​၏​မြောက်​ဘက်​သို့​ပြောင်း ရွှေ့​လိုက်​ပြီး​လျှင်၊- ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊- ဥ​ရိ​ယ​သည်​ပြု​လေ​၏။ အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။- ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။ အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။- အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။

၄ ဓမ္မရာဇဝင် 16:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရေမလိ​၏​သား​ပေကာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​၏​သား​တော်​အာခတ် နန်းတက်​၏​။ အာခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ မ​ပြုကျင့်​။ ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​ဘဲ အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​ကို​ပင် မီးရှို့ပူဇော်​ခဲ့​၏​။ ထို့ပြင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ တောင်ကုန်း​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက်​တို့​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို​လည်း မီးရှို့ပူဇော်​၏​။ ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​သို့​စစ်ချီ​လာ​၍ အာခတ်​မင်းကြီး​ကို ဝိုင်းရံ​ထား​သော်လည်း သူ့​ကို မ​အောင်​နိုင်​ခဲ့​ပေ​။ ထိုစဉ်က ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​သည် ဆီးရီးယား​ပြည်​အတွက် ဧလတ်​မြို့​ကို ပြန်လည်​သိမ်းပိုက်​ပြီး ဧလတ်​မြို့​တွင်​နေထိုင်​သော​ယုဒ​လူမျိုး​တို့​ကို နှင်ထုတ်​၏​။ ထို့နောက် ဧဒုံ​လူမျိုး​တို့​သည် ထို​မြို့​တွင်​ဝင်ရောက်​နေထိုင်​ကြ​သည်​မှာ ယနေ့​ထိ​တိုင် ဖြစ်​၏​။ ထိုအခါ အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ အရှင့်​သား ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​လာတိုက်​သော ဆီးရီးယား​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​လက်​မှ အကျွန်ုပ်​ကို လာ​၍​ကယ်တင်​တော်မူ​ပါ​”​ဟု မှာလိုက်​၏​။ ထို့ပြင် အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာ​ရှိ တွေ့​သမျှ​ရွှေ​ငွေ​တို့​ကို​လည်း ယူ​၍ အဆီးရီးယား​ဘုရင်​အား တံစိုးလက်ဆောင်​ဆက်သ​လိုက်​၏​။ အဆီးရီးယား​ဘုရင်​သည် အာခတ်​မင်းကြီး​၏​စကား​ကို နားထောင်​၍ ဒမတ်စကပ်​မြို့​ကို ချီတက်​သိမ်းပိုက်​ပြီး မြို့သား​တို့​ကို ကိရ​မြို့​သို့​ဖမ်းခေါ်​သွား​၏​။ ရေဇိန်​မင်းကြီး​ကို​လည်း ကွပ်မျက်​လိုက်​၏​။ ထို့နောက်တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​နှင့်​တွေ့ဆုံ​ရန် ဒမတ်စကပ်​မြို့​သို့ သွား​၏​။ အာခတ်​မင်းကြီး​သည် ဒမတ်စကပ်​မြို့​ရှိ​ယဇ်ပလ္လင်​ကို တွေ့​လျှင် ထို​ယဇ်ပလ္လင်​၏​ပုံစံ​၊ တည်ဆောက်ပုံ​အဆင့်ဆင့်​တို့​ကို ယဇ်ပုရောဟိတ်​ဥရိယ​ထံသို့ ပေးပို့​လိုက်​၏​။ ယဇ်ပုရောဟိတ်​ဥရိယ​သည်​လည်း ဒမတ်စကပ်​မြို့​မှ အာခတ်​မင်းကြီး​ပေးပို့​လိုက်​သည့်​ယဇ်ပလ္လင်​ပုံစံ​အတိုင်း တည်ဆောက်​ရာ အာခတ်​မင်းကြီး ဒမတ်စကပ်​မြို့​မှ​ပြန်​မ​ရောက်​မီ ယဇ်ပုရောဟိတ်​ဥရိယ​သည် ယဇ်ပလ္လင်​ကို​တည်ဆောက်​ပြီး ဖြစ်​၏​။ ဒမတ်စကပ်​မြို့​မှ​ရှင်ဘုရင်​ပြန်ရောက်​လာ​၍ ရှင်ဘုရင်​သည် ယဇ်ပလ္လင်​ကို​မြင်​လျှင် ထို​ယဇ်ပလ္လင်​နား​သို့​လာ​၍ ယဇ်ပလ္လင်​ပေါ်သို့ တက်သွား​ပြီး မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ပူဇော်​၏​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​၍ ယဇ်ပလ္လင်​ကို မိတ်သဟာယယဇ်​အသွေး​ဖြင့် ဖျန်း​လေ​၏​။ ရှင်ဘုရင်​သည် အိမ်​တော်​အရှေ့​ရှိ ထို​ယဇ်ပလ္လင်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကြား​တွင်​ရှိ​သော ထာဝရဘုရား​ရှေ့​တော်​မှ​ကြေးနီ​ယဇ်ပလ္လင်​ကို ယူဆောင်​သွား​ပြီး ထို​ယဇ်ပလ္လင်​၏​မြောက်ဘက်​တွင် ထား​လိုက်​၏​။ အာခတ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဥရိယ​အား “​ထို​ယဇ်ပလ္လင်​ကြီး​ပေါ်၌ နံနက်​မီးရှို့ရာယဇ်​နှင့် နေဝင်ချိန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ဘုရင့်​မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​၊ တိုင်းသူပြည်သား​အားလုံး​တို့​၏​မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​စသည်​တို့​ကို ပူဇော်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​၏​အသွေး​နှင့် အခြား​ယဇ်ကောင်​အသွေး​ရှိသမျှ​တို့​ကို ထို​ယဇ်ပလ္လင်​ပေါ်တွင် ပက်ဖျန်း​ရ​မည်​။ ကြေးနီ​ယဇ်ပလ္လင်​မူကား ငါ​မေးလျှောက်​ရန်​အတွက် ဖြစ်​ရ​မည်​”​ဟု မိန့်မှာ​၏​။ ယဇ်ပုရောဟိတ်​ဥရိယ​သည်​လည်း အာခတ်​မင်းကြီး​မိန့်မှာ​သမျှ​အတိုင်း ပြု​လေ​၏​။ ထို့ပြင် အာခတ်​မင်းကြီး​သည် တွန်းလှည်း​၏​ဘောင်​များ​ကို အပိုင်းပိုင်း​ဖြတ်ပစ်​ပြီး အင်တုံ​များ​ကို​လည်း တွန်းလှည်း​မှ ဖယ်ရှား​ပစ်​၏​။ ရေကန်​ကို​လည်း ရေကန်​အောက်​ရှိ​ကြေးနီ​နွားရုပ်​များ​ပေါ်​မှ ကျောက်ခင်း​ပေါ်သို့ ချထား​၏​။ ထာဝရဘုရား​၏​အိမ်​တော်​၌ ဆောက်လုပ်​ထား​သော ဥပုသ်​ဇရပ်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရှင်ဘုရင်​ဝင်ရာ အပြင်​လမ်း​တို့​ကို​လည်း အဆီးရီးယား​ဘုရင်​ကြောင့် ပိတ်ပစ်​လိုက်​၏​။ ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ​ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။