YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 14:1-14

၄ ဓမ္မရာဇဝင် 14:1-14 JBMLE

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား​ယ​ဟော​ရှ နန်း​စံ​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​သား​အာ​မ​ဇိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယု​ဒ္ဒန်​အ​မည်​ရှိ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု​သော်​လည်း၊ အ​ဘ​ဒါ​ဝိဒ်၏ အ​ကျင့်​ကို​မ​မီ၊ ခ​မည်း​တော်​ယော​ရှ​ပြု​သ​မျှ​အ​တိုင်း ပြု၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ အာ​မ​ဇိ​သည် မင်း​အာ​ဏာ​တည်​သော​အ​ခါ၊ ခ​မည်း​တော်​မင်း​ကြီး​ကို သတ်​သော​ကျွန်​တို့​ကို သတ်​လေ၏။ သား​အ​တွက် အ​ဘ​သည် အ​သေ​မ​ခံ​ရ။ အ​ဘ​အ​တွက် သား​သည် အ​သေ​မ​ခံ​ရ။ လူ​တိုင်း​မိ​မိ​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ၏​ဟု မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်၍ ခ​မည်း​တော်​ကို​သတ်​သော​သူ​တို့၏ သား​များ​ကို မ​သတ်​ဘဲ​နေ၏။ အာ​မ​ဇိ​မင်း​သည် ဧ​ဒုံ​အ​မျိုး​သား​တစ်​သောင်း​ကို ဆား​ချိုင့်၌​သတ်၍ သေ​လ​မြို့​ကို​တိုက်​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် ယုဿေ​လ​ဟူ၍ သ​မုတ်​လေ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယေ​ဟု​သား ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန် ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့် ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။ သင်​သည် ဧ​ဒုံ​ပြည်​ကို လုပ်​ကြံ​သော​ကြောင့် စိတ်​မြင့်​လှ၏။ ကိုယ်​နေ​ရာ၌ တတ်​တိုင်း​ဝါ​ကြွား​လျက် နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။ ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် ယု​ဒ​ပြည် ဗက်​ရှေ​မက်​မြို့၌ မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ ယု​ဒ​အ​မျိုး​သား​ရှုံး၍ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြေး​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍ တန်​ဆာ​အ​လုံး​စုံ​နှင့် အာ​မ​ခံ​သော​သူ​အ​ချို့​တို့​ကို​ယူ​ပြီး​မှ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။