YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 13:14-25

၄ ဓမ္မရာဇဝင် 13:14-25 JBMLE

ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။ ဧ​လိ​ရှဲ​က​လည်း၊ လေး​နှင့် မြား​တို့​ကို ယူ​လော့​ဟု ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​ယူ၏။ လေး​ကို​တင်​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း လေး​ကို​တင်၍၊ ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို ရှင်​ဘု​ရင်​လက်​ပေါ်​မှာ တင်​လျက်၊ အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ မြား​တို့​ကို​ယူ​ဦး​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သည် ယူ၏။ မြေ​ပေါ်​သို့ ရိုက်​လော့​ဟု​ဆို၍ သုံး​ကြိမ်​ရိုက်​လေ၏။ ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် လူ​တစ်​ယောက်​ကို သင်္ဂြိုဟ်​စဉ်​တွင်၊ မော​ဘ​တပ်​လာ​သည်​ကို မြင်၍၊ အ​လောင်း​ကို ဧ​လိ​ရှဲ​သင်္ချိုင်း​တွင်း၌ ချ​ထား​ကြ၏။ သေ​သော​သူ​သည် အောက်​သို့​ရောက်၍၊ ဧ​လိ​ရှဲ​အ​ရိုး​တို့​ကို ထိ​သော​အ​ခါ၊ အ​သက်​ရှင်​ပြန်​သ​ဖြင့် မတ်​တတ်​ထ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ယော​ခတ်​လက်​ထက် ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သေ၍၊ သား​တော်​ဗင်္ဟာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။