YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 13:14-25

၄ ဓမ္မရာဇဝင် 13:14-25 Judson Bible (JBMLE)

ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။ ဧ​လိ​ရှဲ​က​လည်း၊ လေး​နှင့် မြား​တို့​ကို ယူ​လော့​ဟု ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​ယူ၏။ လေး​ကို​တင်​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း လေး​ကို​တင်၍၊ ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို ရှင်​ဘု​ရင်​လက်​ပေါ်​မှာ တင်​လျက်၊ အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ မြား​တို့​ကို​ယူ​ဦး​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သည် ယူ၏။ မြေ​ပေါ်​သို့ ရိုက်​လော့​ဟု​ဆို၍ သုံး​ကြိမ်​ရိုက်​လေ၏။ ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် လူ​တစ်​ယောက်​ကို သင်္ဂြိုဟ်​စဉ်​တွင်၊ မော​ဘ​တပ်​လာ​သည်​ကို မြင်၍၊ အ​လောင်း​ကို ဧ​လိ​ရှဲ​သင်္ချိုင်း​တွင်း၌ ချ​ထား​ကြ၏။ သေ​သော​သူ​သည် အောက်​သို့​ရောက်၍၊ ဧ​လိ​ရှဲ​အ​ရိုး​တို့​ကို ထိ​သော​အ​ခါ၊ အ​သက်​ရှင်​ပြန်​သ​ဖြင့် မတ်​တတ်​ထ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ယော​ခတ်​လက်​ထက် ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သေ၍၊ သား​တော်​ဗင်္ဟာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။

၄ ဓမ္မရာဇဝင် 13:14-25 Common Language Bible (BCL)

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။ ဧ​လိ​ရှဲ​က``လေး​နှင့်​မြား​တို့​ကို​ယူ​ခဲ့​လော့'' ဟု ဆို​သည့်​အ​တိုင်း​ယ​ဟော​ရှ​ယူ​လာ​သော​အ​ခါ၊- ဧ​လိ​ရှဲ​က``လေး​ကို​တင်​လော့'' ဟု​ဆို​၏။ ထို အ​ခါ​မင်း​ကြီး​သည်​လေး​ကို​တင်​လေ​၏။ ထို နောက်​ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို​မင်း​ကြီး ၏​လက်​ပေါ်​တွင်​တင်​ပြီး​လျှင်၊- ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။ ထို​နောက်​ဧ​လိ​ရှဲ​သည်​မင်း​ကြီး​အား အ​ခြား မြား​တို့​ကို​ယူ​စေ​၍``မြေ​ကြီး​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သုံး​ကြိမ်​ရိုက်​ပြီး​လျှင် ရပ်​လိုက်​၏။- ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို​သင်္ဂြိုဟ် ကြ​၏။ မော​ဘ​ပြည်​သား​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း ဣသ ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လေ့​ရှိ​ကြ​၏။ အ​ခါ​တစ်​ပါး​၌​လူ​သေ​တစ်​လောင်း​ကို​သင်္ဂြိုဟ် မည်​ပြု​နေ​စဉ် လူ​တို့​သည်​မော​ဘ​တပ်​တစ်​တပ် ကို​မြင်​သ​ဖြင့် အ​လောင်း​ကို​ဧ​လိ​ရှဲ​၏​သ​င်္ချိုင်း တွင်း​သို့​ပစ်​ချ​ပြီး​လျှင်​ထွက်​ပြေး​ကြ​၏။ ထို အ​လောင်း​သည်​ဧ​လိ​ရှဲ​၏​အ​ရိုး​များ​နှင့်​ထိ မိ​သည်​နှင့်​တစ်​ပြိုင်​နက် အ​သက်​ပြန်​ဝင်​လာ ပြီး​လျှင်​မတ်​တပ်​ရပ်​လေ​၏။ ယော​ခတ်​၏​လက်​ထက်​ကာ​လ​ပတ်​လုံး​ဣသ​ရေ​လ အ​မျိုး​သား​တို့​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​၏ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​၏။- သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကွယ်​လွန်​သော​အ​ခါ သူ​၏​သား​တော်​ဗင်္ဟာ​ဒဒ်​နန်း​တက်​၏။- ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။

၄ ဓမ္မရာဇဝင် 13:14-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧလိရှဲ​သည် သေလုမျောပါး​နာမကျန်း​ဖြစ်​နေ​ချိန်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​က သူ့​ထံ​လာ​၍​ငိုကြွေး​လျက် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​၊ အစ္စရေး​မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု ဆို​၏​။ ဧလိရှဲ​က​လည်း သူ့​အား “​လေး​နှင့်​မြား​ကို ယူ​ခဲ့​လော့​”​ဟု​ဆို​လျှင် သူ​သည် လေး​နှင့်​မြား​ကို​ယူ​ခဲ့​၏​။ ထို့နောက် ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​လက်​ကို​လေး​ပေါ် တင်​လော့​”​ဟု​ဆို​လျှင် သူ​လည်း လက်​ကို​လေး​ပေါ်​တင်​၏​။ ထိုအခါ ဧလိရှဲ​က မိမိ​လက်​ကို အစ္စရေး​ဘုရင်​၏​လက်​ပေါ် တင်​၏​။ ထို့နောက် ဧလိရှဲ​က “​အရှေ့​ပြတင်းပေါက်​ကို ဖွင့်​လော့​”​ဟု​ဆို​သဖြင့် ပြတင်းပေါက်​ကို​ဖွင့်​လျှင် ဧလိရှဲ​က “​ပစ်​လော့​”​ဟု​ဆို​သဖြင့် ရှင်ဘုရင်​လည်း ပစ်​လိုက်​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​အောင်မြင်​သော​မြား​၊ ဆီးရီးယား​လူမျိုး​ကို​အောင်နိုင်​သော​မြား ဖြစ်​၏​။ သင်​သည် အာဖက်​မြို့​တွင် ဆီးရီးယား​လူမျိုး​တို့​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​လိမ့်မည်​”​ဟု ဆို​၏​။ တစ်ဖန် ဧလိရှဲ​က “​မြား​တို့​ကို ယူ​ဦး​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း ယူ​၏​။ ထို့နောက် ဧလိရှဲ​က “​ထို​မြား​ဖြင့် မြေကြီး​ကို ရိုက်​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း မြေကြီး​ကို သုံး​ကြိမ်​ရိုက်​ပြီး ရပ်​လိုက်​၏​။ ထိုအခါ ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​ကို အမျက်ထွက်​၍ “​သင်​သည် ငါး​ကြိမ်​ခြောက်​ကြိမ်​ရိုက်​သင့်​၏​။ သို့မှ ဆီးရီးယား​ဘုရင်​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​မည်​။ ယခုမှာ ဆီးရီးယား​ဘုရင်​ကို သုံး​ကြိမ်​သာ အောင်နိုင်​လိမ့်မည်​”​ဟု ဆို​၏​။ ထို့နောက်တွင် ဧလိရှဲ​ကွယ်လွန်​သွား​သဖြင့် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ နှစ်ဦးပိုင်း​ရောက်​ချိန်​တွင် မောဘ​ဓားပြ​အဖွဲ့​တို့​သည် တိုင်းပြည်​ကို လာရောက်​တိုက်ခိုက်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် လူ​တစ်ယောက်​ကို သင်္ဂြိုဟ်​နေစဉ် ထို​ဓားပြ​အဖွဲ့​လာ​နေ​သည်​ကို တွေ့​သဖြင့် အလောင်း​ကို ဧလိရှဲ​၏​သင်္ချိုင်းတွင်း​ထဲသို့ ပစ်ချ​ကြ​လေ​၏​။ ထို​အလောင်း​မှာ ဧလိရှဲ​၏​အရိုး​များ​နှင့် သွား​ထိ​သောအခါ အသက်ပြန်ဝင်​လာ​၍ မတ်တတ်ရပ်​လေ​၏​။ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​သည် ယောခတ်​မင်းကြီး​လက်ထက်​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ခဲ့​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကြောင့် သူ​တို့​ကို သနားစုံမက်​၍ ကြည့်ရှု​တော်မူ​၏​။ သူ​တို့​ကို မ​ဖျက်ဆီး​လို​သောကြောင့် ယနေ့​တိုင်အောင် သူ​တို့​ကို ရှေ့​တော်​မှ မ​ဖယ်ရှား​ဘဲ​နေ​တော်မူ​၏​။ ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး အနိစ္စရောက်​သောအခါ သူ​၏​သား​တော်​ဗင်္ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် ခမည်းတော်​ယောခတ်​မင်းကြီး​လက်ထက် တိုက်ပွဲ​ဖြစ်​စဉ် အသိမ်းခံ​လိုက်​ရ​သော​မြို့ရွာ​များ​ကို ဟာဇေလ​မင်းကြီး​၏​သား​တော်​ဗင်္ဟာဒဒ်​လက်​မှ ပြန်လည်​သိမ်းယူ​ခဲ့​၏​။ ယောရှ​မင်းကြီး​သည် ဗင်္ဟာဒဒ်​မင်းကြီး​ကို သုံး​ကြိမ်​အောင်နိုင်​ခဲ့​ပြီး အစ္စရေး​မြို့ရွာ​များ​ကို ပြန်လည်​သိမ်းပိုက်​နိုင်​ခဲ့​၏​။