YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 10

10
အာ​ဟပ်​၏​သား​မြေး​များ​အ​သတ်​ခံ​ရ​ခြင်း
1အာ​ဟပ်၏​သား​ခု​နစ်​ကျိပ်​တို့​သည် ရှ​မာ​ရိ​မြို့၌ ရှိ​သည်​ဖြစ်၍၊ ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​အုပ်​များ၊ အ​သက်​ကြီး​သူ​များ၊ အာ​ဟပ်​သား​တို့​ကို​လုပ်​ကျွေး​သော သူ​များ​ရှိ​ရာ၊ ရှ​မာ​ရိ​မြို့​သို့ စာ​ရေး၍ ပေး​လိုက်​လေ၏။ 2မှာ​လိုက်​သော​စာ​ချက်​ဟူ​မူ​ကား၊ သင်​တို့၌ သင်​တို့ သ​ခင်၏​သား​များ၊ စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​များ၊ ခိုင်​ခံ့​သော​မြို့၊ လက်​နက်​စုံ​ရှိ​သည်​ဖြစ်၍၊ ဤ​စာ​ရောက်​သော​အ​ခါ၊ 3သင်​တို့​သ​ခင်၏​သား​တို့​တွင် သာ၍ ကောင်း​မြတ်​တော်​သင့်​သော​သူ​ကို ရွေး​ကောက်၍ ခ​မည်း​တော်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​ပြီး​လျှင်၊ သ​ခင်​အ​မျိုး​အ​ဖို့ စစ်​တိုက်​ကြ​လော့​ဟု မှာ​လိုက်​သ​တည်း။ 4ထို​သူ​တို့​က၊ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် သူ့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​သည်​ဖြစ်၍၊ ငါ​တို့​သည် အ​ဘယ်​သို့ ခံ​ရပ်​နိုင်​မည်​နည်း​ဟု အ​လွန်​ကြောက်​လျက် ဆို​ကြ၏။ 5နန်း​တော်​အုပ်၊ မြို့​အုပ်၊ အ​သက်​ကြီး​သူ၊ အာ​ဟပ်​သား​တို့​ကို လုပ်​ကျွေး​သော​သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။ ကျွန်​တော်​တို့​သည် ရှင်​ဘု​ရင်​ကို မ​ချီး​မြှောက်​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယေ​ဟု​ထံ​သို့ ပြန်​စာ​ကို​ပေး​လိုက်​ကြ၏။ 6ယေ​ဟု​က​လည်း၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍ ငါ့​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​သ​ခင့်​သား​တို့၏ ဦး​ခေါင်း​များ​ကို​ယူ၍ ယေ​ဇ​ရေ​လ​မြို့၊ ငါ​ရှိ​ရာ​သို့ နက်​ဖြန်​နေ့​ယ​ခု​အ​ချိန်၌ လာ​ကြ​လော့​ဟု တစ်​ဖန် စာ​ပေး​လိုက်​လေ၏။ ရှင်​ဘု​ရင်၏​သား​တော်​ပေါင်း ခု​နစ်​ကျိပ်​ရှိ​သည်​ဖြစ်၍၊ လုပ်​ကျွေး​သော မြို့​သား​အ​ကြီး​အ​ကဲ​တို့၌ ရှိ​ကြ၏။ 7ထို​စာ​ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်၏​သား​တော် ခု​နစ်​ကျိပ်​တို့​ကို​ယူ၍ သတ်​သ​ဖြင့်၊ ဦး​ခေါင်း​များ​ကို တောင်း​တို့၌ ထည့်​ပြီး​လျှင်၊ ယေ​ဇ​ရေ​လ​မြို့၊ ယေ​ဟု​ထံ​သို့ ပေး​လိုက်​လေ၏။ 8လု​လင်​တစ်​ယောက်​သည် လာ၍ ရှင်​ဘု​ရင်​သား​တို့၏ ဦး​ခေါင်း​များ​ကို ဆောင်​ခဲ့​ပါ​ပြီ​ဟု လျှောက်​လျှင်၊ ယေ​ဟု​က၊ မြို့​တံ​ခါး​ဝ​မှာ နံ​နက်​တိုင်​အောင် နှစ်​စု​ပုံ​ထား​တော့​ဟု ဆို၏။ 9နံ​နက်​ရောက်​မှ ယေ​ဟု​သည် ထွက်၍​ရပ်​လျက် လူ​များ​တို့​အား၊ အို​ဖြောင့်​မတ်​သော​လူ​တို့၊ ငါ​သည် ငါ့​သ​ခင်​တစ်​ဖက်၌ သင်း​ဖွဲ့၍ သတ်​လေ​ပြီ။ ဤ​သူ​အ​ပေါင်း​တို့​ကို​ကား အ​ဘယ်​သူ​သတ်​သ​နည်း။ 10ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဟပ်​အ​မျိုး၌ မိန့်​တော်​မူ​သော​စ​ကား​တော်​တစ်​ခွန်း​မျှ မြေ​သို့​မ​ကျ​ရ​သည်​ကို သင်​တို့​သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ဆို​သ​ဖြင့်၊ 11ယေ​ဇ​ရေ​လ​မြို့၌ ကျန်​ကြွင်း​သော အာ​ဟပ်​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် သူ၏ လူ​ကြီး​ပေါက်​ဖော်၊ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​စေ​ဘဲ သတ်​လေ၏။#ဟော၊ ၁:၄။
အာ​ခ​ဇိ​၏​ဆွေ​မျိုး​များ​အ​သတ်​ခံ​ရ​ခြင်း
12နောက်​မှ​ထ၍ ရှ​မာ​ရိ​မြို့​သို့​သွား၏။ လမ်း​နား​မှာ​ရှိ​သော သိုး​မွေး​ညှပ်​ရာ​ဇ​ရပ်​သို့ ရောက်​သော​အ​ခါ၊ 13ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ၏​ပေါက်​ဖော်​တို့​ကို​တွေ့​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​တို့​သည် အာ​ခ​ဇိ​မင်း၏ ဆွေ​တော်​မျိုး​တော် ဖြစ်၏။ ရှင်​ဘု​ရင်၏​သား​တော်​တို့​နှင့် မိ​ဖု​ရား၏​သား​တော်​တို့​ကို နှုတ်​ဆက်​အံ့​သော​ငှာ သွား​သည်​ဟု ဆို​ကြ၏။ 14ယေ​ဟု​က​လည်း၊ အ​ရှင်​ဖမ်း​ကြ​ဟု စီ​ရင်​သည်​အ​တိုင်း၊ အ​ရှင်​ဖမ်း၍ သိုး​မွေး​ဇ​ရပ်​တွင်း​နား​မှာ လေး​ကျိပ်​နှစ်​ယောက်​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​စေ​ဘဲ သတ်​ကြ၏။
အာ​ဟပ်​၏​ကျန်​သော​ဆွေ​မျိုး​များ​အ​သတ်​ခံ​ရ​ခြင်း
15ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊ 16ငါ​နှင့်​အ​တူ​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ ငါ့​စိတ်​အား​ကြီး​ကြောင်း​ကို ကြည့်​ရှု​လော့​ဟု ဆို​သ​ဖြင့် မိ​မိ​ရ​ထား​ကို စီး​စေ၏။ 17ရှ​မာ​ရိ​မြို့​သို့​ရောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ အာ​ဟပ်​အ​မျိုး အ​ကုန်​အ​စင် ပျက်​စီး​သည်​တိုင်​အောင် ထို​မြို့၌ ကျန်​ကြွင်း​လေ​သ​မျှ​တို့​ကို သတ်​လေ၏။
ဗာ​လ​ဘု​ရား​ကိုး​ကွယ်​သူ​တို့​အ​သတ်​ခံ​ရ​ခြင်း
18တစ်​ဖန် ယေ​ဟု​သည် လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ အာ​ဟပ်​သည် ဗာ​လ​ဘု​ရား​ကို အ​နည်း​ငယ်​သာ​ဝတ်​ပြု၏။ ငါ​ယေ​ဟု​မူ​ကား များ​စွာ​ပြု​မည်။ 19သို့​ဖြစ်၍ ဗာ​လ​ဘု​ရား၏​ပ​ရော​ဖက်​များ၊ အ​မှု​စောင့်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ပေါင်း​တို့​ကို ခေါ်​ကြ။ တစ်​ယောက်​မျှ မ​ကြွင်း​စေ​နှင့်။ ငါ​သည် ဗာ​လ​ဘု​ရား​အား ယဇ်​ကြီး​ကို​ပူ​ဇော်​မည်။ ကြွင်း​သော​သူ မည်​သည်​ကား အ​သက်​မ​ရှင်​ရ​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ဗာ​လ​ကို ကိုး​ကွယ်​သော​သူ​တို့​ကို ဖျက်​ဆီး​မည်​အ​ကြံ​နှင့် ပ​ရိ​ယာယ်​ပြု၍​ဆို၏။ 20ဗာ​လ​ဘု​ရား​အ​ဖို့ ဓ​မ္မ​ပွဲ​ကို​ပြင်​ဆင်​ကြ​ဟု တစ်​ဖန်​စီ​ရင်​သည်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို စောင့်​ရ​မည်​ဟု ကြော်​ငြာ​ကြ၏။ 21ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ ဗာ​လ​တ​ပည့်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း လာ​ကြ၏။ ဗာ​လ​ကျောင်း​ထဲ​သို့ ဝင်​ကြ​သ​ဖြင့် တစ်​ကျောင်း​လုံး​ပြည့်​လျက်​ရှိ၏။ 22ယေ​ဟု​သည် အ​ဝတ်​တန်​ဆာ​တိုက်​စိုး​ကို​ခေါ်၍၊ ဗာ​လ​ဘု​ရား​တ​ပည့်​တို့​အ​ဖို့ အ​ဝတ်​တန်​ဆာ​ကို ထုတ်​ကြ​ဟု ဆို​သည်​အ​တိုင်း ထုတ်​လေ၏။ 23တစ်​ဖန် ရေ​ခပ်​သား​ယော​န​ဒပ်​နှင့်​အ​တူ ဗာ​လ​ကျောင်း​ထဲ​သို့​ဝင်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တ​ပည့် တစ်​ယောက်​မျှ​မ​ပါ၊ ဗာ​လ​ဘု​ရား​တ​ပည့် သက်​သက်​ရှိ​စေ​မည်​အ​ကြောင်း ကြည့်​ရှု​စစ်​ကြော​ကြ​လော့​ဟု ဗာ​လ​တ​ပည့်​တို့​အား ဆို၏။ 24မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ထဲ​သို့​ဝင်​သော​အ​ခါ၊ ယေ​ဟု​သည် ကျောင်း​ပြင်၌ လူ​ရှစ်​ကျိပ်​ကို​ထား၍၊ သင်​တို့​လက်​သို့ ငါ​ဆောင်​ခဲ့​သော ဤ​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လွတ်​လျှင်၊ လွတ်​စေ​သော​သူ​သည် အ​သက်​သေ​ရ​မည်​ဟု စီ​ရင်၍၊ 25မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မှု​ပြီး​သော​အ​ခါ၊ ယေ​ဟု​က​ဝင်၍ သတ်​ကြ​လော့။ တစ်​ယောက်​ကို​မျှ မ​ထွက်​စေ​နှင့်​ဟု တပ်​သား​နှင့်​တပ်​မှူး​တို့​အား ဆို​သည်​အ​တိုင်း၊ တပ်​သား​နှင့်​တပ်​မှူး​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍ အ​သေ​ကောင်​များ​ကို ထုတ်​ပစ်​ပြီး​မှ၊ 26ဗာ​လ​ကျောင်း​နှင့်​ဆိုင်​သော မြို့​သို့​သွား၍ ဗာ​လ​ကျောင်း​ထဲ​က ရုပ်​တု​များ​ကို ထုတ်​ပြီး​လျှင် မီး​ရှို့​ကြ၏။ 27ဗာ​လ ဆင်း​တု​ကို​လည်း​ကောင်း၊ ကျောင်း​ကို​လည်​ကောင်း ဖြို​ဖျက်၍ ယ​နေ့​တိုင်​အောင် ကိုယ်​သုတ်​သင်​ရာ​အိမ် ဖြစ်​စေ​ကြ၏။ 28ထို​သို့​ယေ​ဟု​သည် ဗာ​လ​ကို ဣ​သ​ရေ​လ​ပြည်​မှ ပယ်​ရှား​ဖျက်​ဆီး​လေ၏။
29သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တည်း​ဟူ​သော၊ ဗေ​သ​လ​မြို့​နှင့် ဒန်​မြို့​မှာ​ရှိ​သော ရွှေ​နွား​သ​ငယ်​တို့​ကို မ​စွန့်။#၃​ရာ၊ ၁၂:၂၈-၃၀။ 30ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ့​ရှေ့​မှာ ဖြောင့်​သော​အ​ကျင့်​ကို​ကျင့်၍ ကောင်း​မွန်​စွာ ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​အ​လို​ရှိ​သ​မျှ​အ​တိုင်း အာ​ဟပ်​အ​မျိုး၌ စီ​ရင်​သော​ကြောင့်​လည်း​ကောင်း၊ သင့်​သား​မြေး လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော်​လည်း၊ 31ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တ​ရား​တော်​လမ်း​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ လိုက်​ခြင်း​ငှာ သ​တိ​မ​ပြု၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တို့​ကို မ​စွန့်။
ယေ​ဟု​ကွယ်​လွန်​ခြင်း
32ထို​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​စွန်း​တို့​ကို ဖြတ်​တော်​မူ၏။ 33ဟာ​ဇေ​လ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး နေ​ရာ၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး အ​ရပ်​ရပ်​တို့​ကို လုပ်​ကြံ​လေ၏။
34ယေ​ဟု​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 35-36ယေ​ဟု​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​ရှစ်​နှစ်​စိုး​စံ​ပြီး​မှ၊ ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယော​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ