YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ယောဟန် 1:1-4

၂ ရှင်ယောဟန် 1:1-4 JBMLE

အ​သက်​ကြီး​သူ​သည် မြတ်​သော သ​ခင်​မ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ကြား​လိုက်​ပါ၏။ ငါ​တို့၌​တည်၍ ငါ​တို့​တွင် အ​စဉ်​မ​ပြတ်​ရှိ​လ​တ္တံ့​သော သ​မ္မာ​တ​ရား​ကြောင့်၊ ငါ​မှ​စ၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​အ​ပေါင်း​တို့​သည်၊ သ​ခင်​မ​နှင့် သား​သ​မီး​တို့၌ မှန်​ကန်​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ပါ၏။- ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က​လည်း​ကောင်း၊ ခ​မည်း​တော်၏ သား​တော်​ယေ​ရှု​ခ​ရစ် အ​ထံ​က​လည်း​ကောင်း၊ သ​မ္မာ​တ​ရား၊ မေ​တ္တာ​တ​ရား​နှင့်​တ​ကွ၊ ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​သည် ခ​မည်း​တော်​ဘု​ရား​ထံ၌ ပ​ညတ်​တော်​ကို ခံ​ရ​သည်​အ​တိုင်း၊ သင်၏​သား​သ​မီး​အ​ချို့​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်၍ နေ​သည်​ကို ငါ​တွေ့​သော​အ​ခါ၊ အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။