YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ယောဟန် 1:2-4

၂ ရှင်ယောဟန် 1:1-4 Judson Bible (JBMLE)

အ​သက်​ကြီး​သူ​သည် မြတ်​သော သ​ခင်​မ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ကြား​လိုက်​ပါ၏။ ငါ​တို့၌​တည်၍ ငါ​တို့​တွင် အ​စဉ်​မ​ပြတ်​ရှိ​လ​တ္တံ့​သော သ​မ္မာ​တ​ရား​ကြောင့်၊ ငါ​မှ​စ၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​အ​ပေါင်း​တို့​သည်၊ သ​ခင်​မ​နှင့် သား​သ​မီး​တို့၌ မှန်​ကန်​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ပါ၏။- ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က​လည်း​ကောင်း၊ ခ​မည်း​တော်၏ သား​တော်​ယေ​ရှု​ခ​ရစ် အ​ထံ​က​လည်း​ကောင်း၊ သ​မ္မာ​တ​ရား၊ မေ​တ္တာ​တ​ရား​နှင့်​တ​ကွ၊ ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​သည် ခ​မည်း​တော်​ဘု​ရား​ထံ၌ ပ​ညတ်​တော်​ကို ခံ​ရ​သည်​အ​တိုင်း၊ သင်၏​သား​သ​မီး​အ​ချို့​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်၍ နေ​သည်​ကို ငါ​တွေ့​သော​အ​ခါ၊ အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။

၂ ရှင်ယောဟန် 1:2-4 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​သမ္မာ​တ​ရား​သည် ငါ တို့​စိတ်​နှ​လုံး​တွင်​တည်​နေ​လျက် ငါ​တို့​နှင့် အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​မည်​ဖြစ်​သော​ကြောင့် တည်း။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​မှ​လည်း​ကောင်း၊ ခ​မည်း​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​ထံ​တော် မှ​လည်း​ကောင်း၊ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော် နှင့်​ငြိမ်​သက်​ခြင်း​သည်​သမ္မာ​တ​ရား​ကို​သိ​၍ အ​ချင်း​ချင်း​ချစ်​ကြ​သော​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​ပါ​စေ​သော။ သင်​၏​သား​သ​မီး​အ​ချို့​တို့​သည်​ခ​မည်း​တော် ဘု​ရား​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း သမ္မာ တ​ရား​တော်​၌​ကျင်​လည်​လျက်​နေ​ကြ​ကြောင်း တွေ့​ရ​သ​ဖြင့်​ငါ​အ​လွန်​ဝမ်း​မြောက်​၏။

၂ ရှင်ယောဟန် 1:2-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ ငါတို့​ချစ်​ကြ​သည်​မှာ ငါ​တို့​၌​တည်​နေ​၍ ငါ​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​မည့် သမ္မာတရား​ကြောင့်​ဖြစ်​၏။ ခမည်းတော်​ဘုရားသခင်​ထံမှ​လည်းကောင်း၊ ခမည်းတော်​၏​သား​တော် ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သမ္မာတရား​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို​အမှီပြု​လျက် ငါ​တို့​၌​ရှိ​ပါစေသော။ သင်​၏​သားသမီး​အချို့​တို့​သည် ခမည်းတော်​ဘုရား​ထံမှ ငါ​တို့​ခံယူ​ရရှိ​သော​ပညတ်​တော်​အတိုင်း သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သည်​ကို တွေ့​ရ​သဖြင့် ငါ​အလွန်​ဝမ်းမြောက်​၏။