YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 7

7
1ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။
ပေါ​လု​ဝမ်း​မြောက်​ခြင်း
2ငါ​တို့​ကို လက်​ခံ​ကြ​လော့။ ငါ​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား။ အ​ဘယ်​သူ​ကို​မျှ မ​ယို​ယွင်း​စေ၊ အ​ဘယ်​သူ၏​ဥ​စ္စာ​ကို​မျှ ပ​ရိ​ယာယ်​အား​ဖြင့် မ​ယူ။- 3သင်​တို့​ကို အ​ပြစ်​တင်၍ ဤ​သို့​ငါ​ဆို​သည်​မ​ဟုတ်။ သင်​တို့​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​ရှိ​သည်​တိုင်​အောင်၊ ငါ​တို့​သည် သင်​တို့​ကို​ချစ်​ကြ၏​ဟု အ​ထက်​က​ငါ​ပြော​ခဲ့​ပြီ။- 4သင်​တို့​ကြောင့် အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ၏။ သင်​တို့​ကြောင့် အ​လွန်​ကြွား​ဝါ​ခြင်း ရှိ​ရ၏။ သက်​သာ​ခြင်း​နှင့် ပြည့်​စုံ၏။ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​လေ​ရာ​ရာ၌ အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ခြင်း​ရှိ၏။- 5ငါ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​ကာ​ယ​ငြိမ်​ဝပ်​ခြင်း အ​လျှင်း​မ​ရှိ၊ အ​ရာ​ရာ၌ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​၏။ ပြင်၌​ကား တိုက်​လှန်​ခြင်း ရှိ၏။ အ​တွင်း၌​ကား စိုး​ရိမ်​ခြင်း​ရှိ၏။
6သို့​သော်​လည်း နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို သက်​သာ​စေ​တော်​မူ​တတ်​သော ဘု​ရား​သ​ခင်​သည်၊ တိ​တု​ရောက်​လာ​သော​အား​ဖြင့် ငါ​တို့​ကို သက်​သာ​စေ​တော်​မူ၏။- 7တိ​တု​ရောက်​လာ​ခြင်း​အား​ဖြင့်​သာ သက်​သာ​စေ​တော်​မူ​သည် မ​ဟုတ်။ တိ​တု​သည် သင်​တို့​ဆီ​မှာ​ရ​သော သက်​သာ​ခြင်း​အား​ဖြင့်​လည်း သက်​သာ​စေ​တော်​မူ၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့၏​တောင့်​တ​ခြင်း၊ ညည်း​တွား​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​များ​ကို သူ​သည် ငါ​တို့​အား ကြား​ပြော၏။ ထို​ကြောင့် ငါ​သည်​သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ၏။- 8အ​ထက်​က​ပေး​လိုက်​သော စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့်၊ ငါ​သည် ယ​ခင်​အ​ခါ၌ နောင်​တ​ရှိ​သော်​လည်း ယ​ခု​အ​ခါ၌ မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​စာ​သည် သင်​တို့​ကို ခ​ဏ​သာ​ဝမ်း​နည်း​စေ​သည်​ကို ငါ​မြင်၏။
9သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့် ငါ​ဝမ်း​မြောက်​သည် မ​ဟုတ်။ ဝမ်း​နည်း​စေ၍ နောင်​တ​ရ​သော​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ငါ​တို့​အား​ဖြင့် သင်​တို့၏​အ​ကျိုး အ​လျှင်း​မ​ပျက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ဝမ်း​နည်း​စေ​ကြ၏။- 10အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ကယ်​တင်​ခြင်း​နှင့်​ယှဉ်​သော နောင်​တ​စိတ် တည်း​ဟူ​သော၊ မ​ပြောင်း​လဲ​နိုင်​သော နောင်​တ​စိတ်​ကို ပြု​ပြင်​တတ်၏။ လော​ကီ ဝမ်း​နည်း​ခြင်း​မူ​ကား၊ သေ​ခြင်း​ကို​ပြု​ပြင်​တတ်၏။- 11ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော သင်​တို့၏​ဝမ်း​နည်း​ခြင်း​သည် သင်​တို့၌ အ​ဘယ်​သို့​သော သ​တိ​ပြု​ခြင်း၊ ကိုယ်​အ​ပြစ်​ကို​ဖြေ​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ အ​လွန်​တောင့်​တ​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စိတ်​အား​ကြီး​ခြင်း၊ တ​ရား​သ​ဖြင့် ဒဏ်​စီ​ရင်​ခြင်း​တို့​ကို ပြု​ပြင်​သည်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ဤ​အ​မှု၌ အ​ပြစ်​ကင်း​သည်​ကို အ​ရာ​ရာ​အား​ဖြင့် ထင်​ရှား​ပြ​ကြ​ပြီ။- 12ထို​သို့​နှင့်​အ​ညီ၊ ငါ​သည်​သင်​တို့​အား ရေး၍​ပေး​လိုက်​သော​အ​ခါ၊ ပြစ်​မှား​သော​သူ​နှင့် ပြစ်​မှား​ခြင်း ခံ​ရ​သော​သူ​ကို​သာ ထောက်၍ ရေး​သည်​မ​ဟုတ်။ သင်​တို့​အ​ကျိုး​ကို ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြောင်း​ကို သင်​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ရေး​သ​တည်း။- 13ထို​ကြောင့် သင်​တို့၏ သက်​သာ​ခြင်း​အ​ကြောင်း​အား​ဖြင့်၊ ငါ​တို့​သည်​လည်း သက်​သာ​ခြင်း​သို့​ရောက်​သည် သာ​မ​က၊ တိ​တု၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​အား​ဖြင့် သာ၍ အ​လွန်​ဝမ်း​မြောက်​ကြ၏။ သင်​တို့​ရှိ​သ​မျှ​သည် ထို​သူ၏​စိတ်​နှ​လုံး​ကို သက်​သာ​ဝမ်း​မြောက်​စေ​ကြ​သည် ဖြစ်၍၊- 14အ​ထက်​က ငါ​သည် သင်​တို့​ကို​အ​ကြောင်း​ပြု၍ ဝါ​ကြွား​သော စ​ကား​ကို ထို​သူ​အား​ပြော​ပြီး​လျှင်၊ ယ​ခု ရှက်​ကြောက်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​ရာ​ရာ၌ သင်​တို့​အား ဟုတ်​မှန်​စွာ​ပြော​သည်​နည်း​တူ၊ တိ​တု​ရှေ့၌ ငါ​ဝါ​ကြွား​သော​စ​ကား​သည်​လည်း မှန်​သော​စ​ကား​ဖြစ်​ကြောင်း ထင်​ရှား၏။- 15သင်​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့် သူ့​ကို​လက်​ခံ၍ နား​ထောင်​ကြ​သည်​ကို သူ​သည် အောက်​မေ့​သ​ဖြင့်၊ သင်​တို့​ကို ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​စိတ်​နှင့် အ​လွန်​ပြည့်​စုံ၏။- 16ငါ​သည် အ​ရာ​ရာ၌ သင်​တို့​ကို ယုံ​နိုင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ