YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:1-9

၂ ကောရိန္သု 5:1-9 JBMLE

ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။- ငါ​တို့​သည် မြေ​အိမ်၌​ရှိ​စဉ်​တွင်၊ ကောင်း​ကင်​အိမ်​ထဲ​သို့​ဝင်​စား​ခြင်း​ငှာ အ​လွန်​တောင့်​တ​လို​ချင်​သော စိတ်​ရှိ၍၊ ညည်း​တွား​မြည်​တမ်း​လျက်၊ နေ​ကြ၏။- ထို​သို့​ဝင်​စား​လျှင် နေ​ရာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- ဤ​တဲ၌​နေ​သော ငါ​တို့​သည် လေး​သော​ဝန်​ကို ထမ်း၍ ညည်း​တွား​မြည်​တမ်း​ကြ၏။ နေ​ရာ​ထဲ​က ထွက်​ချင်​သော​ကြောင့် ညည်း​တွား​သည် မ​ဟုတ်။ သေ​တတ်​သော​အ​ရာ​ကို အ​သက်​ရှင်​ခြင်း၌ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ မြဲ​သော​နေ​ရာ​ထဲ​သို့ ဝင်​စား​ချင်​သော​ကြောင့် ညည်း​တွား​ကြ၏။- ထို​သို့​သော​အ​ကျိုး​ကို ခံ​စေ​ခြင်း​ငှာ ငါ​တို့​ကို ပြင်​ဆင်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။ ထို​ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို ငါ​တို့​အား ပေး​တော်​မူ​ပြီ။- ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊- အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊- ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။- ထို​ကြောင့် ငါ​တို့​သည် နေ​မြဲ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော သူ​ဖြစ်​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၍ ကြိုး​စား​အား​ထုတ်​ကြ၏။

​၂ ကောရိန္သု 5:1-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။