YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 4:7-18

၂ ကောရိန္သု 4:7-18 JBMLE

သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။- ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။- သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို၊ ငါ​တို့၏​သေ​တတ်​သော ခ​န္ဓာ​ကိုယ်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​သက်​ရှင်​စဉ်​တွင် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​အပ်​နှံ​ခြင်း​ကို ခံ​ရ​ကြ၏။- သို့​ဖြစ်၍ သေ​ခြင်း​တ​ရား​သည် ငါ​တို့၌​ပြု​ပြင်​တတ်၏။ သင်​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တ​ရား​သည် ပြု​ပြင်​တတ်၏။- ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။ သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။- အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။ ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။- အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။