YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11:23-30

၂ ကောရိန္သု 11:23-30 JBMLE

သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။- ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။- သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။- အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။- ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။ ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။- ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။- ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။