YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11:16-33

၂ ကောရိန္သု 11:16-33 JBMLE

တစ်​ဖန် ငါ​ဆို​သည်​ကား၊ ငါ့​ကို​သူ​ရူး​ဖြစ်​သည်​ဟု အ​ဘယ်​သူ​မျှ မ​ထင်​စေ​နှင့်။ သို့​မ​ဟုတ် ငါ​ဝါ​ကြွား​စ​ရာ အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ခြင်း​ငှာ ငါ့​ကို​သူ​ရူး​ကဲ့​သို့ မှတ်၍ သည်း​ခံ​ကြ​လော့။- ဤ​သို့​ငါ​ပြော​သော​စ​ကား​မှာ သ​ခင်​ဘု​ရား၏​နည်း​တူ ငါ​ပြော​သည်​မ​ဟုတ်။ သူ​ရူး​ကဲ့​သို့ ရဲ​ရင့်​စွာ ဝါ​ကြွား​လျက်​ပြော​ဆို၏။ လူ​များ​တို့​သည် လော​ကီ​အ​ခြင်း​အ​ရာ၌ ဝါ​ကြွား​သော​ကြောင့် ငါ​သည်​လည်း​ဝါ​ကြွား​ရ၏။- သင်​တို့​သည်​လိ​မ္မာ​သော​သူ​ဖြစ်​သော​ကြောင့်၊ သူ​ရူး​တို့​ကို စေ​တ​နာ​စိတ်​နှင့် သည်း​ခံ​ကြ၏။- သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။- ငါ​တို့​သည်​အ​စွမ်း​သ​တ္တိ​မ​ရှိ​ဟု ကဲ့​ရဲ့​ခြင်း​ကို အ​မှတ်​ပြု၍ ငါ​ပြော၏။ အ​ကြင်​အ​ရာ​ကို သူ​တစ်​ပါး မှီ​ဝဲ၍ ရဲ​ရင့်၏။ ထို​အ​ရာ​ကို​ငါ​မှီ​ဝဲ၍ ရဲ​ရင့်​ခြင်း​ရှိ၏​ဟု သူ​ရူး​ကဲ့​သို့​ငါ​ဆို၏။- သူ​တို့​သည် ဟေ​ဗြဲ​လူ​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် ဣ​သ​ရေ​လ​လူ ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။- သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။- ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။- သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။- အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။- ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။ ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။- ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။- ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။- ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။ ဒ​မာ​သက်​မြို့၌ အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော မြို့​ဝန်​သည် ငါ့​ကို ဖမ်း​ဆီး​ခြင်း​ငှာ​အ​လို​ရှိ၍၊ ဒ​မာ​သက်​မြို့​ကို​စောင့်​စဉ်​တွင်၊- တ​ပည့်​တော်​တို့​သည် ငါ့​ကို​တောင်း၌ ထည့်​ပြီး​လျှင်၊ ပြတင်း​ပေါက်​မှ​ထုတ်၍ မြို့​ရိုး​ပေါ်​က လျှော့​ချ​သ​ဖြင့် ထို​မြို့​ဝန်​လက်​မှ ငါ​ပြေး၍​လွတ်​ရ၏။