တစ်ဖန် ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှာ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။- ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။ လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။- သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။- သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။- ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။
၂ ကောရိန္သု 11 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 11:16-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ