YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 10:3-7

၂ ကောရိန္သု 10:3-7 JBMLE

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် လူ​ဇာ​တိ၌ ကျင်​လည်​သော်​လည်း၊ ဇာ​တိ​ပ​က​တိ အ​လို​သို့​လိုက်၍ စစ်​တိုက်​ကြ​သည်​မ​ဟုတ်။- ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။- ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။- သင်​တို့၏ နား​ထောင်​ခြင်း​အ​မှု​သည် ပြည့်​စုံ​ပြီး​မှ၊ နား​မ​ထောင်​ဘဲ​နေ​သော သူ​အ​ပေါင်း​တို့​ကို ဒဏ်​ပေး​ခြင်း​ငှာ ငါ​တို့​သည် အ​သင့်​ရှိ​ကြ၏။ မျက်​နှာ​ကို​သာ ကြည့်​မှတ်​ကြ​သ​လော။ အ​ကြင်​သူ​က၊ ငါ​သည်​ခ​ရစ်​တော်၏​လူ ဖြစ်​သည်​ဟု မိ​မိ၌ စွဲ​လမ်း​ခြင်း​ရှိ၏၊ ထို​သူ​သည် ခ​ရစ်​တော်၏​လူ​ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​လည်း ခ​ရစ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို တစ်​ဖန် အ​လို​အ​လျောက် ဆင်​ခြင်​သိ​မှတ်​စေ။

​၂ ကောရိန္သု 10:3-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။