YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 10

10
မိ​မိ​၏အ​မှု​ဆောင်​ခြင်းကိုပြော​ဆို​ခြင်း
1သင်​တို့၏​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း၊ မျက်​ကွယ်၌ သင်​တို့​အ​မှု​ကို​စီ​ရင်၍ ရဲ​ရင့်​ခြင်း​ရှိ​သော ငါ​ပေါ​လု​သည်၊ ခ​ရစ်​တော်၏ နူး​ညံ့​သိမ်​မွေ့​ဖြည်း​ညင်း​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို​တောင်း​ပန်​ပါ၏။- 2ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​လို​သို့​လိုက်၍ ကျင့်​သော​သူ ဖြစ်​ကြ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​အား၊ ငါ​ကြံ​စည်​သော ရဲ​ရင့်​ခြင်း​အ​တိုင်း သင်​တို့​ဆီ​သို့ ရောက်​လာ​သော​အ​ခါ၊ ထို​မျှ​လောက်​ရဲ​ရင့်​ခြင်း မ​ရှိ​မည်​အ​ကြောင်း ငါ​တောင်း​ပန်​ပါ၏။- 3အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် လူ​ဇာ​တိ၌ ကျင်​လည်​သော်​လည်း၊ ဇာ​တိ​ပ​က​တိ အ​လို​သို့​လိုက်၍ စစ်​တိုက်​ကြ​သည်​မ​ဟုတ်။- 4ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။- 5ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။- 6သင်​တို့၏ နား​ထောင်​ခြင်း​အ​မှု​သည် ပြည့်​စုံ​ပြီး​မှ၊ နား​မ​ထောင်​ဘဲ​နေ​သော သူ​အ​ပေါင်း​တို့​ကို ဒဏ်​ပေး​ခြင်း​ငှာ ငါ​တို့​သည် အ​သင့်​ရှိ​ကြ၏။
7မျက်​နှာ​ကို​သာ ကြည့်​မှတ်​ကြ​သ​လော။ အ​ကြင်​သူ​က၊ ငါ​သည်​ခ​ရစ်​တော်၏​လူ ဖြစ်​သည်​ဟု မိ​မိ၌ စွဲ​လမ်း​ခြင်း​ရှိ၏၊ ထို​သူ​သည် ခ​ရစ်​တော်၏​လူ​ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​လည်း ခ​ရစ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို တစ်​ဖန် အ​လို​အ​လျောက် ဆင်​ခြင်​သိ​မှတ်​စေ။- 8သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊- 9ငါ​ရေး၍​ပေး​လိုက်​သော စာ​အား​ဖြင့်​သာ သင်​တို့​ကို ခြိမ်း​ခြောက်​သ​ကဲ့​သို့ ငါ​မ​ပြု​လို။- 10အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။- 11ငါ​တို့​သည် ကိုယ်​တိုင်​မ​ရှိ၍ စာ၌​ပါ​သော စ​ကား​အား​ဖြင့် ဖြစ်​သ​ကဲ့​သို့၊ ကိုယ်​တိုင်​မျက်​မှောက် ရှိ​သော​အ​ခါ အ​မှု​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ထို​သူ​သည် ဆင်​ခြင်​သိ​မှတ်​စေ။
12ကိုယ်​ကို​ကိုယ်​ချီး​မွမ်း​သော သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​ကို​လည်း​ကောင်း၊ ပြိုင်​နှိုင်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​မ​ပြု​ဝံ့။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​နှင့် တစ်​ယောက် ခိုင်း​နှိုင်း​ခြင်း၊ ပြိုင်​နှိုင်း​ခြင်း​တို့​ကို​ပြု၍ ပ​ညာ​မဲ့​ဖြစ်​ကြ၏။- 13ထို​မှ​တစ်​ပါး၊ ကိုယ်​ငန်း​ကိုယ်​တာ​ကို လွန်​ကျူး၍ ပြု​သော​အ​မှု​အ​ရာ​ကို ငါ​တို့​ကြွား​ဝါ​ခြင်း​မ​ရှိ​ဝံ့၊ ဘု​ရား​သ​ခင် ဝေ​ငှ​တော်​မူ​သော​အ​ငန်း​အ​တာ၏ အ​တိုင်း​အ​ရှည်​အ​တွင်း​တွင် ပြု​သော​အ​ရာ​ကို​သာ ဝါ​ကြွား​ခြင်း​ရှိ​ဝံ့၏။ ထို​အ​တိုင်း​အ​ရှည်​သည် သင်​တို့​တိုင်​အောင်​ပင် မီ​သ​တည်း။- 14သင်​တို့​တိုင်​အောင်​မ​မီ​လျှင်၊ ငါ​တို့​သည် လွန်​ကျူး၍ ပြု​ကြ​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ သင်​တို့​ရှိ​ရာ​သို့ တိုင်​အောင် ရောက်​ကြ​ပြီ။- 15-16ငါ​တို့​သည် ကိုယ်​ငန်း​ကိုယ်​တာ​ကို​လွန်​ကျူး၍၊ သူ​တစ်​ပါး​အ​လုပ်​ထဲ​သို့ ဝင်​ခြင်း​ကြောင့် ဝါ​ကြွား​လေ့​ရှိ​ကြ​သည်​မ​ဟုတ်။ ထို​သို့ သူ့​ငန်း​သူ့​တာ​အ​တွင်း​တွင် ပြင်​ဆင်​ပြီး​သော အ​မှု​အ​ရာ​ကို ဝါ​ကြွား​ခြင်း​မ​ရှိ​ဘဲ၊ သင်​တို့ ပြည်​တစ်​ဖက်​သို့​ကူး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ ရင့်​ပြီး​မှ၊ ငါ​တို့၏​အ​ငန်း​အ​တာ​သည် အ​လွန်​ကျယ်​ဝန်း​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။- 17သို့​ဖြစ်၍ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ သ​ခင်​ဘု​ရား၌​သာ ဝါ​ကြွား​စေ။- 18အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မွမ်း​သော​သူ​သည် ဝန်​ခံ​တော်​မူ​သော သူ​ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သာ​လျှင် ဝန်​ခံ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။