YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 1:3-10

၂ ကောရိန္သု 1:3-10 JBMLE

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။- သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။- သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။ ညီ​အစ်​ကို​တို့၊ အာ​ရှိ​ပြည်၌​ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​တည်း​ဟူ​သော အ​သက်​မ​လွတ်​နိုင်​ဟု ထင်​ရ၍၊ မ​ခံ​နိုင်​အောင် အ​တိုင်း​ထက် အ​လွန်​လေး​သော ဆင်း​ရဲ​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​တို့ အ​လို​မ​ရှိ။- ငါ​တို့​သည် မိ​မိ​ကိုယ်​ကို အ​စဉ်​မ​ကိုး​စား​ဘဲ၊ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​အ​ကြောင်း သေ​စေ​ဟု​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​သ​ကဲ့​သို့ ဖြစ်၏။- ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။

​၂ ကောရိန္သု 1:3-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။