YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 34:22-33

၂ ရာဇဝင်ချုပ် 34:22-33 JBMLE

ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား အ​ချုပ်​ဝန် ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​သည်​ဖြစ်၍၊ ဟိ​လ​ခိ​နှင့် ရှင်​ဘု​ရင်၏​လူ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။ မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍ ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ရှေ့​မှာ ဖတ်​ရ​သော​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​အ​ကျိန်​စ​ကား ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း ဘေး​ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန်​ပြန်​လျှောက်​ရ​မည်​ကား၊ ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည်​ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို ပြု​သော​ကြောင့်၊ သင့်​စ​ကား​ကို ငါ​နား​ထောင်၏။ ငါ​သည် သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့ ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင် မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ လူ​အ​ကြီး​အ​ငယ် အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗိ​မာန်​တော်​သို့​တက်၍ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။ ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု မိ​မိ​နေ​ရာ၌​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ စည်း​ဝေး​သော ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ထို​အ​ဓိ​ဋ္ဌာန်​ကို​ဝန်​ခံ​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​လည်း၊ ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​တ​ရား​အ​တိုင်း ကျင့်​ကြ၏။ ယော​ရှိ​မင်း​သည်​လည်း၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော ပြည်​အ​ရပ်​ရပ်​တို့​မှ ပယ်​ရှား၍၊ ဣ​သ​ရေ​လ​ပြည်၌​နေ​သော​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်​အ​ကြောင်း၊ စီ​ရင်​တော်​မူ​သ​ဖြင့်၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး သူ​တို့​သည် မ​ဖောက်​ပြန်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​လျက်​နေ​ကြ၏။