YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 34:22-28

၂ ရာဇဝင်ချုပ် 34:22-28 JBMLE

ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား အ​ချုပ်​ဝန် ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​သည်​ဖြစ်၍၊ ဟိ​လ​ခိ​နှင့် ရှင်​ဘု​ရင်၏​လူ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။ မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍ ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ရှေ့​မှာ ဖတ်​ရ​သော​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​အ​ကျိန်​စ​ကား ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း ဘေး​ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန်​ပြန်​လျှောက်​ရ​မည်​ကား၊ ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည်​ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို ပြု​သော​ကြောင့်၊ သင့်​စ​ကား​ကို ငါ​နား​ထောင်၏။ ငါ​သည် သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့ ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင် မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။