YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 32:1-23

၂ ရာဇဝင်ချုပ် 32:1-23 JBMLE

ထို​အ​မှု​များ​တို့​ကို လက်​စ​သတ်​သည်​နောက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်​သို့​စစ်​ချီ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို ဝိုင်း​ထား​လျက် တိုက်​ယူ​ခြင်း​ငှာ အား​ထုတ်​လေ၏။ ထို​သို့ သ​နာ​ခ​ရိပ်​သည်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​မည့်​အ​ကြံ​ရှိ​ကြောင်း​ကို၊ ဟေ​ဇ​ကိ​သည်​သိ​မြင်​လျှင်၊ မြို့​ပြင်၌​ရှိ​သော စမ်း​ရေ​ကို​ဖြတ်​ခြင်း​ငှာ မှူး​မတ်၊ စစ်​သူ​ကြီး​တို့​နှင့် တိုင်​ပင်၍။ သူ​တို့​သည် ဝိုင်း​လုပ်​ကြ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည်​လာ၍၊ များ​စွာ​သော​ရေ​ကို အ​ဘယ်​ကြောင့်​တွေ့​ရ​မည်​နည်း​ဟု လူ​များ​တို့​သည်​ဆို​လျက်၊ စု​ဝေး၍ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို ပိတ်​ကြ၏။ ပြည်​အ​လယ်၌ စီး​သော​ချောင်း​ရေ​ကို​လည်း ဖြတ်​ကြ၏။ ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။ လူ​များ​တို့​တွင် တပ်​မှူး​တို့​ကို​ခန့်​ထား၍၊ မြို့​လမ်း​မ၌ စု​ဝေး​စေ​သ​ဖြင့်၊ အား​ပေး​သော​စ​ကား​ကို ပြော​လျက်၊ ခွန်​အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ အာ​ရှု​ရိ ရှင်​ဘု​ရင်​နှင့် သူ၌​ပါ​သော​အ​လုံး​အ​ရင်း အ​ပေါင်း​တို့ ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ ငါ​တို့​ဘက်၌​နေ​သော သူ​တို့​သည်၊ သူ့​ဘက်၌ နေ​သော​သူ​တို့​ထက်​သာ၍ များ​ကြ၏။ သူ့​ဘက်၌ လူ​လက်​ရုံး​ရှိ၏။ ငါ​တို့​ဘက်၌ ထောက်​မ၍၊ စစ်​ကူ​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ လူ​များ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၏​စ​ကား​ကို ကိုး​စား​ကြ၏။ ထို​နောက် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​ကို​ဝိုင်း​ထား​စဉ်​တွင်၊ မိ​မိ​ကျွန်​အ​ချို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ရှိ​ရာ​သို့​လည်း​ကောင်း စေ​လွှတ်၍၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ဝိုင်း​ထား​ခြင်း​ကို ခံ​ခြင်း​ငှာ၊ အ​ဘယ်​သို့​ခို​လှုံ​ကြ​သ​နည်း။ ဟေ​ဇ​ကိ​က၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​ဟု​ဆို​လျက်၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း​အား​ဖြင့် အ​သေ​ခံ​ရ​သည်​တိုင်​အောင်၊ ကိုယ်​ကို​စွန့်​ပစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ဖြား​ယောင်း​သည်​မ​ဟုတ်​လော။ ထို​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား၏ မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို ပယ်၍၊ သင်​တို့​သည် တစ်​ခု​တည်း​သော ယဇ်​ပ​လ္လင် ရှေ့​မှာ ကိုး​ကွယ်​ရ​မည်။ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မိန့်​တော်​မူ​ပြီ​မ​ဟုတ်​လော။ ငါ​နှင့် ငါ့​ဘိုး​ဘေး​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့​ပြု​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို ငါ့​လက်​မှ ကယ်​လွှတ်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​လော။ ငါ့​ဘိုး​ဘေး​အ​ကုန်​အ​စင်​ဖျက်​ဆီး​သော တိုင်း​နိုင်​ငံ​တို့၏ ဘု​ရား​တို့​တွင်၊ အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို​ငါ့​လက်​မှ အ​ဘယ်​သို့​ကယ်​လွှတ်​မည်​နည်း။ သို့​ဖြစ်၍၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို​မ​လှည့်​စား​စေ​နှင့်။ ထို​သို့ မ​ဖြား​ယောင်း​စေ​နှင့်။ သူ့​စ​ကား​ကို မ​ယုံ​ကြ​နှင့်။ အ​ခြား​သော တိုင်း​နိုင်​ငံ၌ ကိုး​ကွယ်​သော​ဘု​ရား​မည်​မျှ​သည်၊ မိ​မိ​ပြည်​ကို​ငါ့​လက်​မှ​လည်း​ကောင်း၊ ငါ့​ဘိုး​ဘေး​လက်​မှ​လည်း​ကောင်း မ​ကယ်​မ​လွှတ်​နိုင်။ ထို​မျှ​မ​က၊ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​ဟု မှာ​လိုက်​လေ၏။ သူ့​ကျွန်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​တစ်​ဖက်၊ ဘု​ရား​သ​ခင်၏​ကျွန်​ဟေ​ဇ​ကိ​တစ်​ဖက်၌ သာ၍ ပြော​ဆို​ကြ၏။ ထို​မှ​တစ်​ပါး အ​ခြား​သော​တိုင်း​နိုင်​ငံ​ဘု​ရား​တို့​သည်၊ မိ​မိ​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် နည်း​တူ၊ ဟေ​ဇ​ကိ​ကိုး​ကွယ်​သော ဘု​ရား​သည်၊ သူ၏​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​ရ​ဟု​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​သော​စာ​ကို​ရေး၍ ပေး​လိုက်​သေး၏။ တစ်​ဖန်​မြို့​ရိုး​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ခြိမ်း​ခြောက်​နှောင့်​ယှက်၍၊ မြို့​ကို​တိုက်​ယူ​နိုင်​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ လူ​တို့​လက်​ဖြင့် လုပ်​သော​ဘု​ရား၊ မြေ​ကြီး​သား​များ ကိုး​ကွယ်​သော ဘု​ရား​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​ဘု​ရား​သ​ခင်​ကို ရော၍ ကဲ့​ရဲ့​ကြ၏။ ထို​အ​ကြောင်း​ကြောင့်၊ ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​ဆု​တောင်း၍၊ ကောင်း​ကင်​ဘုံ​သို့ ဟစ်​ခေါ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တပ်၌ ခွန်​အား​ကြီး​သော​သူ​ရဲ​များ၊ တပ်​မှူး၊ စစ်​ကဲ​များ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ရှင်​ဘု​ရင်​သည် မျက်​နှာ​ပျက်​လျက်၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။ မိ​မိ​ဘု​ရား၏​ဗိ​မာန်​သို့​ရောက်​သော​အ​ခါ၊ မိ​မိ​သား​ရင်း​တို့​သည် ဓား​နှင့်​သတ်​ကြ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ အ​ခြား​သော​ရန်​သူ​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်၍၊ အ​ရပ်​ရပ်၌ စောင့်​မ​တော်​မူ၏။ အ​များ​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​သ​ဖြင့်၊ ဟေ​ဇ​ကိ​သည် ထို​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​လူ​မျိုး ရှေ့​မှာ​ဘုန်း​ကြီး​တော်​မူ၏။