YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 29:15-31

၂ ရာဇဝင်ချုပ် 29:15-31 JBMLE

အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍၊ ကိုယ်​ကို သန့်​ရှင်း​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့​ဝင်၍၊ တွေ့​သ​မျှ​သော​အ​မှိုက်​ကို တံ​တိုင်း​သို့​ထုတ်​ပြီး​လျှင်၊ လေ​ဝိ​သား​တို့​သည် ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​ကြ၏။ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင် သန့်​ရှင်း​စ​ပြု၍၊ ရှစ်​ရက်​နေ့​တွင် ဗိ​မာန်​တော်​ဦး​သို့​ရောက်​ကြ၏။ ထို​နောက် ရှစ်​ရက်​ပတ်​လုံး၊ ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ၍ ပ​ထ​မ​လ တစ်​ဆယ်​ခြောက်​ရက်​နေ့​တွင် လက်​စ​သတ်​ကြ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့​ဝင်၍၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​တစ်​ဆောင်​လုံး၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ၊ ရှေ့​တော်​မုန့်​တင်​သော​စား​ပွဲ​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ပါ​ပြီ။ ထို​မှ​တစ်​ပါး၊ အာ​ခတ်​မင်း​ကြီး​လက်​ထက် အ​ဓ​မ္မ​ပြု၍ ပစ်​ထား​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​တော်​ရှေ့​မှာ တင်​ထား​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​သည် စော​စော​ထ၍၊ မြို့​သူ​ကြီး​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့ တက်​သွား၏။ နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊ နွား​တို့​ကို​သတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ခံ​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​တို့​ကို​လည်း​သတ်၍၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​သ​ငယ်​တို့​ကို​လည်း သတ်၍ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆိတ်​တို့​ကို​လည်း ရှင်​ဘု​ရင်​ရှေ့၊ ပ​ရိ​သတ်​ရှေ့​သို့​ထုတ်၍၊ မိ​မိ​တို့​လက်​ကို​တင်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် သတ်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ကို​ပြေ​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​သွေး​အား​ဖြင့် အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ကြ၏။ ထို​သို့​မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပူ​ဇော်​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​ပြီ။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။ သို့​ဖြစ်၍ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​များ​ကို​လည်း​ကောင်း ကိုင်​လျက်​ရှိ​ကြ၏။ ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု လက်​စ​မ​သတ်​မီ​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုး​ကွယ်​လျက်၊ သီ​ချင်း​ဆို​လျက်၊ တံ​ပိုး​မှုတ်​လျက် နေ​ကြ၏။ လက်​စ​သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်​နှင့် စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ ထို​နောက်​ဟေ​ဇ​ကိ​က၊ သင်​တို့​သည် ယ​ခု ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ကို​ပူ​ဇော်​ကြ​ပြီ။ ဗိ​မာန်​တော်​သို့ ချဉ်း​ကပ်၍၊ ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ​လော့​ဟု ပြန်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ စည်း​ဝေး​သော​သူ​တို့​သည် ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ၏။ စေ​တ​နာ​ရှိ​သ​မျှ​သော သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​တို့​ကို ဆောင်​ခဲ့​ကြ၏။