YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 29:15-31

၂ ရာဇဝင်ချုပ် 29:15-31 Judson Bible (JBMLE)

အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍၊ ကိုယ်​ကို သန့်​ရှင်း​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့​ဝင်၍၊ တွေ့​သ​မျှ​သော​အ​မှိုက်​ကို တံ​တိုင်း​သို့​ထုတ်​ပြီး​လျှင်၊ လေ​ဝိ​သား​တို့​သည် ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​ကြ၏။ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင် သန့်​ရှင်း​စ​ပြု၍၊ ရှစ်​ရက်​နေ့​တွင် ဗိ​မာန်​တော်​ဦး​သို့​ရောက်​ကြ၏။ ထို​နောက် ရှစ်​ရက်​ပတ်​လုံး၊ ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ၍ ပ​ထ​မ​လ တစ်​ဆယ်​ခြောက်​ရက်​နေ့​တွင် လက်​စ​သတ်​ကြ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့​ဝင်၍၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​တစ်​ဆောင်​လုံး၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ၊ ရှေ့​တော်​မုန့်​တင်​သော​စား​ပွဲ​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ပါ​ပြီ။ ထို​မှ​တစ်​ပါး၊ အာ​ခတ်​မင်း​ကြီး​လက်​ထက် အ​ဓ​မ္မ​ပြု၍ ပစ်​ထား​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​တော်​ရှေ့​မှာ တင်​ထား​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​သည် စော​စော​ထ၍၊ မြို့​သူ​ကြီး​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့ တက်​သွား၏။ နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊ နွား​တို့​ကို​သတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ခံ​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​တို့​ကို​လည်း​သတ်၍၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​သ​ငယ်​တို့​ကို​လည်း သတ်၍ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆိတ်​တို့​ကို​လည်း ရှင်​ဘု​ရင်​ရှေ့၊ ပ​ရိ​သတ်​ရှေ့​သို့​ထုတ်၍၊ မိ​မိ​တို့​လက်​ကို​တင်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် သတ်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ကို​ပြေ​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​သွေး​အား​ဖြင့် အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ကြ၏။ ထို​သို့​မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပူ​ဇော်​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​ပြီ။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။ သို့​ဖြစ်၍ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​များ​ကို​လည်း​ကောင်း ကိုင်​လျက်​ရှိ​ကြ၏။ ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု လက်​စ​မ​သတ်​မီ​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုး​ကွယ်​လျက်၊ သီ​ချင်း​ဆို​လျက်၊ တံ​ပိုး​မှုတ်​လျက် နေ​ကြ၏။ လက်​စ​သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်​နှင့် စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။ ထို​နောက်​ဟေ​ဇ​ကိ​က၊ သင်​တို့​သည် ယ​ခု ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ကို​ပူ​ဇော်​ကြ​ပြီ။ ဗိ​မာန်​တော်​သို့ ချဉ်း​ကပ်၍၊ ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ​လော့​ဟု ပြန်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ စည်း​ဝေး​သော​သူ​တို့​သည် ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ၏။ စေ​တ​နာ​ရှိ​သ​မျှ​သော သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​တို့​ကို ဆောင်​ခဲ့​ကြ၏။

၂ ရာဇဝင်ချုပ် 29:15-31 Common Language Bible (BCL)

ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။- ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။ သူ​တို့​သည်​ပ​ထ​မ​လ​တစ်​ရက်​နေ့​မှ​အ​စ ပြု​၍ မုခ်​ဦး​ခန်း​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် သန့်​စင်​မှု​ကို​ဆောင်​ရွက်​ကြ​ရာ​ရှစ်​ရက်​နေ့ ၌​ပြီး​စီး​သွား​၏။ ထို​နောက်​သူ​တို့​သည် ထပ်​မံ​၍​ရှစ်​ရက်​တိုင်​တိုင် လ​ဆန်း​တစ်​ဆယ့် ခြောက်​ရက်​နေ့​အ​ထိ​ဗိ​မာန်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​မှု​အ​တွက်​ပြင်​ဆင်​ကြ​လေ သည်။ လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။- အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​အား​အာ ခတ်​မင်း​သစ္စာ​ဖောက်​စဉ်​အ​ခါ​က ယူ​သွား သည့်​အ​သုံး​အ​ဆောင်​များ​ကို​လည်း​ပြန် ၍​ယူ​ဆောင်​ကာ​ပြန်​လည်​ဆက်​ကပ်​ပြီး ကြ​ပါ​ပြီ။ ထို​အ​ရာ​အား​လုံး​သည် ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် ရှိ​ပါ​၏'' ဟု​သံ​တော်​ဦး​တင်​ကြ​၏။ ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။- မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။- ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။- နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။ မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။- သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။- မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။- ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။- ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။- ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။ ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။

၂ ရာဇဝင်ချုပ် 29:15-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကိုချင်း​တို့​ကို​စုဝေး​စေ​ပြီး မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​စေ​ကြ​၏​။ ထို့နောက် ထာဝရဘုရား​မိန့်မှာ​ထား​သည်​နှင့်အညီ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း သူ​တို့​သည် သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ကို​သန့်ရှင်း​အောင်​ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွင်းခန်း​ထဲသို့ ဝင်သွား​ပြီး သန့်ရှင်း​အောင်​ပြု​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အတွင်း​ရှိ သူ​တို့​တွေ့​သမျှ မသန့်ရှင်း​သော​အရာ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​သို့​ထုတ်သွား​ကြ​၏​။ လေဝိ​အမျိုးသား​တို့​သည် ၎င်း​တို့​ကို မြို့ပြင်​ကေဒြုန်​ချိုင့်ဝှမ်း​သို့ သယ်ထုတ်​သွား​ကြ​၏​။ ပထမ​လ​၊ ပထမ​ရက်​တွင် သန့်ရှင်း​ခြင်း​အမှု​ကို စတင်​ပြုလုပ်​ရာ ထို​လ​ရှစ်​ရက်​မြောက်​သော​နေ့​တွင်​မှ ထာဝရဘုရား​အိမ်​တော်​ဆင်ဝင်​ထိ​ရောက်​၏​။ နောက်ထပ်​ရှစ်​ရက်​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​သန့်ရှင်း​ခြင်း​အမှု​ကို​ပြု​ပြီး ပထမ​လ​၊ တစ်ဆယ့်​ခြောက်​ရက်​နေ့​တွင် ပြီးစီး​လေ​၏​။ ထို့နောက် သူ​တို့​သည် ဟေဇကိ​မင်းကြီး​ရှေ့​သို့ အခစားဝင်​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး​၊ မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​၊ ရှေ့တော်မုန့်​တင်​ရာ​စားပွဲ​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​တို့​ကို သန့်ရှင်း​စေ​ပါ​ပြီ​။ အာခတ်​မင်းကြီး​စိုးစံ​စဉ်က သစ္စာမဲ့​၍​ဖယ်ရှား​ပစ်​ခဲ့​သော​အသုံးအဆောင်​အားလုံး​တို့​ကို​လည်း အကျွန်ုပ်​တို့ ပြုပြင်​၍​သန့်ရှင်း​စေ​ပြီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​တွင် ထားရှိ​ပါ​သည်​”​ဟု လျှောက်တင်​ကြ​၏​။ ဟေဇကိ​မင်းကြီး​သည် မနက်​စောစောထ​ပြီး မြို့​အကြီးအကဲ​များ​ကို စုဝေး​စေ​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​၏​။ သူ​တို့​သည် တိုင်းပြည်​အတွက်​၊ သန့်ရှင်းရာဌာန​တော်​အတွက်​၊ ယုဒ​ပြည်သူ​တို့​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​၊ သိုးသငယ် ခုနစ်​ကောင်​၊ ဆိတ်ထီး ခုနစ်​ကောင်​တို့​ကို ယူဆောင်​လာ​ပြီး ဟေဇကိ​မင်းကြီး​က အာရုန်​၏​သားမြေး​ယဇ်ပုရောဟိတ်​တို့​အား ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင်​ပူဇော်​ရန် မိန့်ဆို​၏​။ နွား​တို့​ကို​သတ်​ကြ​ပြီးနောက် ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူ​၍ ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။ သိုးထီး​တို့​ကို​လည်း သတ်​ပြီး​သွေး​ကို ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။ သိုးသငယ်​တို့​ကို​လည်း သတ်​ပြီး​သွေး​ကို ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။ ထို့နောက် အပြစ်ဖြေရာယဇ်ကောင်​အဖြစ် ဆိတ်သငယ်​တို့​ကို ရှင်ဘုရင်​နှင့်​လူထု​ရှေ့​သို့​ယူလာ​၍ သူ​တို့​သည် ဆိတ်သငယ်​တို့​အပေါ်​တွင် လက်​ကို​တင်​ကြ​၏​။ ထို့နောက် ယဇ်ပုရောဟိတ်​တို့​သည် ဆိတ်​တို့​ကို​သတ်​ပြီး အစ္စရေး​တစ်မျိုးလုံး​အတွက် မီးရှို့ရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​ကို ပူဇော်​ပေး​ရန် ရှင်ဘုရင်​မိန့်မှာ​ထား​သည်​ဖြစ်​၍ ထို​ဆိတ်​တို့​၏​အသွေး​ကို အစ္စရေး​တစ်မျိုးလုံး​အတွက် အပြစ်ဖြေ​ပေး​သော​အပြစ်ဖြေ​ရာ​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​နှင့်တကွ မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဂဒ်​နှင့် ပရောဖက်​နာသန်​တို့ ညွှန်ကြား​ထား​နှင့်​သည့်​အတိုင်း ဟေဇကိ​မင်းကြီး​သည် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက် တီးမှုတ်​တတ်​သော​လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် နေရာချ​ထား​၏​။ ထိုသို့ ထာဝရဘုရား​သည် ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ထား​တော်မူ​၏​။ လေဝိ​အမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​စီမံ​ခဲ့​သော​တူရိယာ​များ​ကို​ကိုင်ဆောင်​ပြီး ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​များ​ကို​ကိုင်ဆောင်​လျက် ရပ်​နေ​ကြ​၏​။ ထိုအခါ ဟေဇကိ​မင်းကြီး​သည် ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ပူဇော်​ရန် အမိန့်ပေး​၏​။ ထိုသို့ မီးရှို့ရာယဇ်​စတင်​ပူဇော်​သောအခါ တံပိုးခရာ​များ​ကို​မှုတ်​လျက်​၊ အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး စီမံ​ခဲ့​သော​တူရိယာ​များ​ဖြင့် တီးမှုတ်​လျက် ထာဝရဘုရား​ထံ ချီးမွမ်းသီချင်း​ကို စတင်​သီဆို​ကြ​၏​။ မီးရှို့ရာယဇ်​ကို ပူဇော်​ပြီး​သည်​အထိ လူထု​တစ်ရပ်လုံး ဝတ်ပြုကိုးကွယ်​လျက်​၊ သီချင်းသီဆိုသူ​က ဆို​ပြီး တံပိုးခရာမှုတ်သူ​က မှုတ်​လျက်​နေ​ကြ​၏​။ ယဇ်ပူဇော်​ခြင်း​အမှု​ပြီးစီး​သောအခါ ရှင်ဘုရင်​မှစ၍ သူ​နှင့်အတူ​ရှိ​နေ​သော​သူ​အပေါင်း​တို့​သည် ဒူးထောက်​လျက်​ရှိခိုးကိုးကွယ်​ကြ​လေ​၏​။ ထို့နောက် ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့​က လေဝိ​အမျိုး​တို့​အား ဒါဝိဒ်​မင်းကြီး​နှင့် ဗျာဒိတ်ရသူ​အာသပ်​တို့​ရေးဖွဲ့​ခဲ့​သော​သီချင်း​ဖြင့် ထာဝရဘုရား​ကို​ချီးမွမ်းသီဆို​ရန်​ပြော​သောအခါ သူ​တို့​သည် ဝမ်းမြောက်​စွာ​ချီးမွမ်း​လျက် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။ ထိုအခါ ဟေဇကိ​မင်းကြီး​က သူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ထံ မိမိတို့ကိုယ်ကို​ဆက်ကပ်​ကြ​ပြီ​ဖြစ်၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ လူအစုအဝေး​တို့​သည်​လည်း ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​၏​။ စေတနာစိတ်​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​အပေါင်း​တို့​ကို​လည်း ယူဆောင်​လာ​ကြ​၏​။