YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 25

25
ယု​ဒ​ဘု​ရင်​အာ​မ​ဇိ
(၄​ရာ၊ ၁၄:၂-၆)
1အာ​မ​ဇိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယု​ဒ္ဒန်​အ​မည်​ရှိ၏။ 2ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု​သော်​လည်း၊ စိတ်​နှ​လုံး​မ​စုံ​လင်။ 3အာ​မ​ဇိ​သည် မင်း​အာ​ဏာ​တည်​သော​အ​ခါ၊ ခ​မည်း​တော်​မင်း​ကြီး​ကို သတ်​သော​ကျွန်​တို့​ကို သတ်​လေ၏။ 4သား​အ​တွက်​အ​ဘ​သည် အ​သေ​မ​ခံ​ရ။ အ​ဘ​အ​တွက် သား​သည်​အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ၏​ဟု မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်၍၊ ထို​ကျွန်​တို့၏​သား​များ​ကို မ​သတ်​ဘဲ​နေ၏။#တ​ရား၊ ၂၄:၁၆။
ဧ​ဒုံ​ပြည်​ကို​စစ်​တိုက်​ခြင်း
(၄​ရာ၊ ၁၄:၇)
5အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။ 6ခွန်​အား​ကြီး​သော ဣ​သ​ရေ​လ​သူ​ရဲ​တစ်​သိန်း​ကို​လည်း ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ငှား၏။ 7သို့​ရာ​တွင် ဘု​ရား​သ​ခင်၏​လူ​တစ်​ယောက်​သည်​လာ၍ အို​မင်း​ကြီး၊ ဣ​သ​ရေ​လ​တပ်​ကို မ​လိုက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တည်း​ဟူ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ရှိ​တော်​မ​မူ။ 8မင်း​ကြီး​သွား​လို​လျှင်​သွား၍ စစ်​တိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော်​လည်း၊ ရန်​သူ​ရှေ့​မှာ ဘု​ရား​သ​ခင်​ရှုံး​စေ​တော်​မူ​မည်။ ဘု​ရား​သ​ခင်​သည် မ​စ​ခြင်း​ငှာ​လည်း​ကောင်း၊ နှိမ့်​ချ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ၏​ဟု​ပြော​ဆို​လျှင်၊ 9အာ​မ​ဇိ​က၊ ဣ​သ​ရေ​လ​တပ်​ကို ငှား၍ ငွေ​အ​ခွက်​တစ်​ထောင်​ကို ပေး​မိ​သော​ကြောင့်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု ဘု​ရား​သ​ခင်၏​လူ​ကို မေး​မြန်း​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ ပေး​နိုင်​တော်​မူ​သည်​ဟု ပြန်​ပြော၏။ 10ထို​အ​ခါ အာ​မ​ဇိ​သည် ဧ​ဖ​ရိမ်​ပြည်​မှ​ရောက်​လာ​သော စစ်​သူ​ရဲ​တို့​ကို ခွဲ​ထား၍၊ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​အ​မျက်​ထွက်၍ ယု​ဒ​ပြည်​သား​တို့၌ အ​ငြိုး​ထား​လျက်၊ မိ​မိ​တို့ နေ​ရာ​သို့ ပြန်​သွား​ကြ၏။ 11အာ​မ​ဇိ​သည်​လည်း ကိုယ်​ကို​ခိုင်​ခံ့​စေ၍ ဆား​ချိုင့်​ကို တပ်​ချီ​သ​ဖြင့်၊ စိ​ရ​တောင်​သား​တစ်​သောင်း​ကို လုပ်​ကြံ​လေ၏။ 12ယု​ဒ​အ​မျိုး​သား​တို့​သည် လူ​တစ်​သောင်း​ကို အ​ရှင်​ဖမ်း​ပြီး​လျှင်၊ ကျောက်​တောင်​ထိပ်​သို့ ဆောင်​သွား၍၊ ကျိုး​ပဲ့​စေ​ခြင်း​ငှာ အောက်​သို့ တွန်း​ချ​ကြ၏။ 13ဝိုင်း၍​တိုက်​ရ​သော​အ​ခွင့်​ကို အာ​မ​ဇိ​မ​ပေး၊ လွှတ်​လိုက်​သော စစ်​သူ​ရဲ​တို့​မူ​ကား၊ ရှ​မာ​ရိ​မြို့​မှ​စ၍ ဗေ​သော​ရုန်​မြို့​တိုင်​အောင်၊ ယု​ဒ​မြို့​တို့​ကို တိုက်​သ​ဖြင့်၊ လူ​သုံး​ထောင်​ကို​သတ်၍၊ လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​သွား​ကြ၏။
14အာ​မ​ဇိ​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော​အ​ခါ၊ စိ​ရ​တောင်​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ဆောင်​ခဲ့၍၊ ကိုယ်​တိုင်​ကိုး​ကွယ်​ရာ ဘု​ရား​ဖြစ်​စေ​ခြင်း​ငှာ၊ တည်​ထောင်​လျက် သူ​တို့​ရှေ့​မှာ ဦး​ညွှတ်​ချ၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လေ၏။ 15ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​ဇိ​ကို​အ​မျက်​ထွက်၍၊ ပ​ရော​ဖက်​ကို စေ​လွှတ်​တော်​မူ​သည်​ကား၊ မိ​မိ​လူ​တို့​ကို ရန်​သူ​လက်​မှ မ​ကယ်​နိုင်​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​တို့​ကို အ​ဘယ်​ကြောင့်​ဆည်း​ကပ်​သ​နည်း​ဟု ပြော​ဆို​လျှင်၊ 16ရှင်​ဘု​ရင်​က၊ သင်​သည် တိုင်​ပင်​မှူး​မတ် ဖြစ်​သ​လော။ တိတ်​ဆိတ်​စွာ​နေ​လော့။ အ​ဘယ်​ကြောင့် ရာ​ဇ​ဝတ်​ခံ​ချင်​သ​နည်း​ဟု ဆို​သော်၊ ပ​ရော​ဖက်​က၊ မင်း​ကြီး​သည် ငါ​ပေး​သော​သ​တိ​စ​ကား​ကို နား​မ​ထောင်၊ ဤ​အ​မှု​ကို ပြု​မိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် မင်း​ကြီး​ကို​ဖျက်​ဆီး​မည် ကြံ​တော်​မူ​သည်​ကို ငါ​သိ​မြင်​သည်​ဟု ပြော​ဆို​ပြီး​လျှင် တိတ်​ဆိတ်​စွာ​နေ​လေ၏။
ဣ​သ​ရေ​လ​ပြည်​ကို​စစ်​တိုက်​ခြင်း
(၄​ရာ၊ ၁၄:၈-၂၀)
17ထို​နောက်၊ အာ​မ​ဇိ​သည်​တိုင်​ပင်​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ဟု​သား​ဖြစ်​သော ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊ 18ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန်​ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ပင်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့်​ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။ 19သင်​က ငါ​သည် ဧ​ဒုံ​လူ​တို့​ကို လုပ်​ကြံ​ပြီ​ဟု​ဆို​လျက်၊ ဝါ​ကြွား​ချင်​သော​စိတ် မြင့်​လှ၏။ သို့​ရာ​တွင် ကိုယ်​နေ​ရာ၌​နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။ 20ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​ပြည်​ဘု​ရား​တို့​ကို ဆည်း​ကပ်​သော​ကြောင့်၊ ရန်​သူ​လက်​သို့ အပ်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ၏။ 21ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍၊ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့၌ မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​သ​ဖြင့်၊ 22ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ ယု​ဒ​အ​မျိုး​သား​ရှုံး၍၊ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြေး​ကြ၏။ 23ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို၊ ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။ 24ဩ​ဗ​ဒေ​ဒုံ​လက်​တွင်၊ ဗိ​မာန်​တော်၌ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍၊ တန်​ဆာ​အ​လုံး​စုံ​နှင့် နန်း​တော်​ဘ​ဏ္ဍာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ အာ​မ​ခံ​သော​သူ အ​ချို့​တို့​ကို​လည်း​ကောင်း ယူ၍ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။
25ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သော​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။ 26အာ​မ​ဇိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 27အာ​မ​ဇိ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ လွှဲ​သွား​သော​နောက်၊ သူ၏​တစ်​ဖက်၊ ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့ ပြေး​သည်​တွင်၊ ထို​မြို့​သို့​စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊ 28မြင်း​ပေါ်၌​တင်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ