YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 21

21
1ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​ယ​ဟော​ရံ
(၄​ရာ၊ ၈:၁၆-၂၄)
2ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သား၊ ယ​ဟော​ရံ​ညီ​ဟူ​မူ​ကား၊ အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ၊ မိ​က္ခေ​လ၊ ရှေ​ဖ​တိ​တည်း။#၄​ရာ၊ ၈း၁၆-၂၄။ 3ခ​မည်း​တော်​သည် များ​စွာ​သော ရွှေ​ငွေ​ဥ​စ္စာ ရ​တ​နာ​နှင့်​တ​ကွ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို သူ​တို့​အား​ပေး၏။ နိုင်​ငံ​ကို​ကား၊ သား​ဦး​ယ​ဟော​ရံ​အား ပေး၏။ 4ယ​ဟော​ရံ​သည် ခ​မည်း​တော်​နိုင်​ငံ၌ တည်​သော​အ​ခါ၊ ကိုယ်​ကို​ခိုင်​ခံ့​စေ၍၊ ညီ​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​မှူး​တော် မတ်​တော်​တ​ချို့​တို့​ကို​လည်း​ကောင်း၊ ဓား​နှင့်​သတ်​လေ၏။
5ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​လေ၏။ 6အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 7သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ၍၊ ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​ကြောင့်၊ သူ၏​အ​မျိုး​ကို မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။#၃​ရာ၊ ၁၁:၃၆။ 8ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၍၊ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။#က၊ ၂၇:၄၀။ 9ယ​ဟော​ရံ​မင်း​သည် မှူး​မတ်​များ၊ ရ​ထား​စီး​သူ​ရဲ​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ည​အ​ခါ ဝိုင်း​သော​ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​လေ၏။ 10သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ 11ယု​ဒ​တောင်​တို့​အ​ပေါ်​မှာ၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​လုပ်​သ​ဖြင့်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​နှင့် မှား​ယွင်း​ရ​မည်​အ​ကြောင်း၊ အ​နိုင်​အ​ထက်​ပြု​သ​တည်း။
12ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊ 13ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လမ်း​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ အာ​ဟပ်​အ​မျိုး မှား​ယွင်း​သည်​နည်း​တူ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​နှင့် မှား​ယွင်း​ရ​မည် အ​ကြောင်း ပြု​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​ထက်​သာ၍​ကောင်း​သော ညီ​ရင်း​တို့​ကို သတ်​သော​ကြောင့်​လည်း​ကောင်း၊ 14ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လူ​များ၊ သင်၏​သား​မ​ယား​များ၊ သင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ကြီး​စွာ​သော​ဘေး​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။ 15သင့်​အူ​သည် တစ်​နေ့​ထက်​တစ်​နေ့​ထွက်​အောင်၊ ဝမ်း​ထဲ၌ ပြင်း​စွာ​သော​အ​နာ​ရော​ဂါ စွဲ​လိမ့်​မည်​ဟု စာ၌​ပါ​သ​တည်း။
16ထို​နောက်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​လူ၊ ကု​ရှ​ပြည်​နှင့်​နီး​သော အာ​ရပ်​လူ​တို့​ကို၊ ယ​ဟော​ရံ​မင်း​တစ်​ဖက် နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ 17သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။ 18နောက်​တစ်​ဖန် မ​ပျောက်​နိုင်​သော​ဝမ်း​နာ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ၏။ 19ရှင်​ဘု​ရင်​သည် တာ​ရှည်​စွာ​နာ၍၊ နှစ်​နှစ်​စေ့​သော​အ​ခါ၊ အ​နာ​ပြင်း​ထန်​သော​ကြောင့်၊ အူ​ထွက်၍ အ​သက်​ချုပ်​လေ၏။ ပြည်​သား​တို့​သည် ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ မီး​ရှို့​ခြင်း​ကို​ပြု​သ​ကဲ့​သို့၊ ထို​မင်း​အ​ဖို့​မ​ပြု။ 20ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​ပြီး​မှ၊ အ​ဘယ်​သူ​မျှ​မ​နှ​မြော​ဘဲ သေ​သွား၏။ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ