YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 21:4-17

၂ ရာဇဝင်ချုပ် 21:4-17 JBMLE

ယ​ဟော​ရံ​သည် ခ​မည်း​တော်​နိုင်​ငံ၌ တည်​သော​အ​ခါ၊ ကိုယ်​ကို​ခိုင်​ခံ့​စေ၍၊ ညီ​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​မှူး​တော် မတ်​တော်​တ​ချို့​တို့​ကို​လည်း​ကောင်း၊ ဓား​နှင့်​သတ်​လေ၏။ ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​လေ၏။ အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ၍၊ ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​ကြောင့်၊ သူ၏​အ​မျိုး​ကို မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။ ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၍၊ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယ​ဟော​ရံ​မင်း​သည် မှူး​မတ်​များ၊ ရ​ထား​စီး​သူ​ရဲ​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ည​အ​ခါ ဝိုင်း​သော​ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​လေ၏။ သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ယု​ဒ​တောင်​တို့​အ​ပေါ်​မှာ၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​လုပ်​သ​ဖြင့်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​နှင့် မှား​ယွင်း​ရ​မည်​အ​ကြောင်း၊ အ​နိုင်​အ​ထက်​ပြု​သ​တည်း။ ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လမ်း​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ အာ​ဟပ်​အ​မျိုး မှား​ယွင်း​သည်​နည်း​တူ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​နှင့် မှား​ယွင်း​ရ​မည် အ​ကြောင်း ပြု​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​ထက်​သာ၍​ကောင်း​သော ညီ​ရင်း​တို့​ကို သတ်​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လူ​များ၊ သင်၏​သား​မ​ယား​များ၊ သင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ကြီး​စွာ​သော​ဘေး​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။ သင့်​အူ​သည် တစ်​နေ့​ထက်​တစ်​နေ့​ထွက်​အောင်၊ ဝမ်း​ထဲ၌ ပြင်း​စွာ​သော​အ​နာ​ရော​ဂါ စွဲ​လိမ့်​မည်​ဟု စာ၌​ပါ​သ​တည်း။ ထို​နောက်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​လူ၊ ကု​ရှ​ပြည်​နှင့်​နီး​သော အာ​ရပ်​လူ​တို့​ကို၊ ယ​ဟော​ရံ​မင်း​တစ်​ဖက် နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။