YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 1:6-12

၂ ရာဇဝင်ချုပ် 1:6-12 JBMLE

ထို​သို့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သို့ ရှော​လ​မုန်​ရောက်၍ ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။ ထို​ည​တွင် ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​ဟု မိန့်​တော်​မူ၏။ ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ အ​ဘ​အ​ရာ၌​လည်း အ​ကျွန်ုပ်​ကို နန်း​ထိုင်​စေ​တော်​မူ​ပြီ။ ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ မြေ​မှုန့်​များ​သ​ကဲ့​သို့ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော​လူ​တို့၏ ရှင်​ဘု​ရင်​အ​ရာ၌ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​သော​ကြောင့် အ​ဘ​ဒါ​ဝိဒ်၌​ထား​သော က​တိ​တော်​ကို တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​လူ​တို့​ရှေ့​မှာ ထွက်​ဝင်​နိုင်​မည်​အ​ကြောင်း ဉာဏ်​ပ​ညာ​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ထို​သို့​အောက်​မေ့၍ စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို​မ​တောင်း၊ ရန်​သူ​တို့၏ အ​သက်​ကို​လည်း မ​တောင်း၊ တာ​ရှည်​သော​အ​သက်​ကို​လည်း မ​တောင်း၊ ငါ​ခန့်​ထား၍ သင်​အ​စိုး​ရ​သော ငါ၏​လူ​မျိုး​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော ဉာဏ်​ပ​ညာ​ကို​သာ ကိုယ်​အ​ဖို့​တောင်း​သော​ကြောင့်၊ ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။