YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 5

5
ယုံ​ကြည်​သူ​တို့​အ​တွက်​တာ​ဝန်
1အ​သက်​ကြီး​သော​သူ​ကို ကျပ်​တည်း​စွာ မ​ဆုံး​မ​နှင့်။ အ​ဘ​ကဲ့​သို့ မှတ်၍ တောင်း​ပန်​လော့။ လူ​ပျို​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊- 2အ​သက်​ကြီး​သော​မိန်း​မ​တို့​ကို အ​မိ​ကဲ့​သို့​လည်း​ကောင်း၊ မိန်း​မ​ပျို​တို့​ကို အ​လွန်​စင်​ကြယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်၍ ကျင့်​လော့။- 3မု​ဆိုး​မ​အ​မှန်​ဖြစ်​သော မိန်း​မ​တို့​ကို မ​စ​လုပ်​ကျွေး​လော့။- 4သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။- 5မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။- 6ကာ​မ​ဂုဏ်​စည်း​စိမ်၌​ပျော်​မွေ့​သော မု​ဆိုး​မ​မူ​ကား၊ အ​သက်​ရှိ​လျက်​ပင် အ​သေ​ဖြစ်၏။- 7ထို​သူ​တို့​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ဤ​သို့ ပ​ညတ်​ထား​လော့။- 8မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။
9မု​ဆိုး​မ​သည် အ​သက်​ခြောက်​ဆယ်​မ​ပြည့်​လျှင်၊ စာ​ရင်း​အင်း မ​ဝင်​စေ​နှင့်။ လင်​တစ်​ယောက်​တည်း ရှိ​ဖူး​သော​သူ၊- 10ကောင်း​သော​အ​ကျင့်​ကို​ကျင့်၍ အ​သ​ရေ​ရှိ​သော​သူ၊ သူ​ငယ်​တို့​ကို ကျွေး​မွေး​ခြင်း၊ ဧည့်​သည်​ဝတ်​ပြု​ခြင်း၊ သန့်​ရှင်း​သူ​တို့၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို လုပ်​ကျွေး​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့၌ ကြိုး​စား အား​ထုတ်​ခြင်း​ကို ပြု​ဖူး​သော​သူ​ဖြစ်​လျှင်၊ စာ​ရင်း​အင်း ဝင်​စေ။- 11အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​ကို ပယ်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ခ​ရစ်​တော်၏ ဆုံး​မ​ခြင်း​ကို သည်း​မ​ခံ။ အိမ်​သင့်​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊- 12အ​ရင်​သ​စ္စာ​ကို ဖျက်​သော​ကြောင့် အ​ပြစ်​သင့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- 13ထို​မှ​တစ်​ပါး၊ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လည်၍ ပျင်း​ရိ​တတ်​ကြ၏။ ပျင်း​ရိ​သည်​သာ​မ​က၊ စ​ကား​များ၍ မ​ပြော​အပ်​သော​အ​ရာ​ကို ပြော​သ​ဖြင့်၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ ဖြစ်​တတ်​ကြ၏။- 14ထို​ကြောင့်၊ အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​သည် အိမ်​သင့်​ခြင်း၊ သား​ဖွား​ခြင်း၊ အိမ်​မှု​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကို ရန်​သူ​အား မ​ပေး​ဘဲ​နေ​ခြင်း အ​မှု​များ​ကို ပြု​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 15အ​ကြောင်း​မူ​ကား၊ ယ​ခု​ပင်​အ​ချို့​တို့​သည် လမ်း​လွဲ၍ စာ​တန်​နောက်​သို့ လိုက်​သွား​ကြ​ပြီ။- 16ယုံ​ကြည်​သော ယောက်ျား​မိန်း​မ၌ မု​ဆိုး​မ​ရှိ​လျှင်၊ ကိုယ်​တိုင်​လုပ်​ကျွေး​စေ။ သို့​ပြု​လျှင်၊ အ​မှန်​ဖြစ်​သော မု​ဆိုး​မ​တို့​ကို အ​သင်း​တော်​သည် အ​နှောင့်​အ​ယှက်​မ​ရှိ​စေ​ဘဲ လုပ်​ကျွေး​နိုင်​လိမ့်​မည်။
17ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။- 18အ​ကြောင်း​မူ​ကား၊ စ​ပါး​နင်း​နယ်​သော​နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု ကျမ်း​စာ​လာ၏။ တစ်​ချက်​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို ခံ​ထိုက်​ပေး​သည်​ဟု လာ​ပြန်၏။- 19သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး မ​ရှိ​လျှင်၊ သင်း​အုပ်၌ အ​ပြစ်​တင်​သော စ​ကား​ကို နား​မ​ထောင်​နှင့်။- 20ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။- 21ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။
22အ​ဘယ်​သူ၏​အ​ပေါ်၌ လက်​ကို အ​လျင်​တ​ဆော​မ​တင်​နှင့်။ သူ​တစ်​ပါး​အ​ပြစ်၌ မ​ဆက်​ဆံ​နှင့်။ ကိုယ်​ကို​ကိုယ် စင်​ကြယ်​စေ​လော့။- 23သင်၏​ရင်​ထဲ၌ အ​ကျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​ကြာ​မ​ကြာ​ခံ​ရ​သော ရော​ဂါ​ကြောင့်​လည်း​ကောင်း၊ ယ​ခု​မှ​စ၍ ရေ​ကို​သာ မ​သောက်​ဘဲ၊ စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို သုံး​လော့။- 24အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် ရှေ့​မ​ဆွ​က​ထင်​ရှား၍၊ အ​ပြစ်​စီ​ရင်​ခြင်း​သို့ အ​ရင်​အ​ဦး​သွား​တတ်၏။ အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် နောက်​သို့​လိုက်​တတ်၏။- 25ထို​နည်း​တူ၊ အ​ချို့​သော​သူ​တို့၏ သု​စ​ရိုက်​သည် ထင်​ရှား​နှင့်​တတ်၏။ မ​ထင်​ရှား​သေး​သော သု​စ​ရိုက်​ကို​လည်း ဝှက်၍​မ​ထား​နိုင်။

လက်ရှိရွေးချယ်ထားမှု

၁ တိမောသေ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။