YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 3:1-13

၁ တိမောသေ 3:1-13 JBMLE

သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။- ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။- စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။- မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။- မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။- မာ​န​နှင့်​ယစ်​မူး​လျက်၊ မာရ်​နတ်၏ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၍၊ ဘာ​သာ​ဝင်​လူ​သစ် မ​ဖြစ်​ရ။- ကဲ့​ရဲ့​ပြစ်​တင်​ခြင်း၊ မာရ်​နတ်​ဖမ်း​မိ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ပြင်​ပ​လူ​တို့​တွင် အ​သ​ရေ​ရှိ သော​သူ ဖြစ်​ရ​မည်။ ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။- ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် စင်​ကြယ်​သည်​နှင့်၊ ယုံ​ကြည်​ခြင်း၏ နက်​နဲ​သော​အ​ရာ​ကို စွဲ​လမ်း​သော​သူ ဖြစ်​ရ​ကြ​မည်။- သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။- ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။- သင်း​ထောက်​သည် မ​ယား​တစ်​ယောက်​တည်း​ရှိ​ရ​မည်။ မိ​မိ​သား​သ​မီး​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို ကောင်း​မွန်​စွာ အုပ်​ချုပ်​သော​သူ​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။