YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 2:1-12

၁ သက်သာလောနိတ် 2:1-12 JBMLE

ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ ဝင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​ကို သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။- သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။- ငါ​တို့​သည် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း၊ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ​သည် မ​ဟုတ်။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊- သင်​တို့​တွင် ဖြည်း​ညင်း​စွာ​ပြု​ကြ၏။ သင်​တို့​ကို ချစ်​သော​ကြောင့် နို့​ထိန်း​သည် မိ​မိ​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့​ကို နှ​မြော​စုံ​မက်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​မျှ​မ​က၊ ကိုယ်​အ​သက်​ကို​ပင် ပေး​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ၏။ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ပင်​ပန်း​စွာ လုပ်​ဆောင်၍ ကြိုး​စား​အား​ထုတ်​ကြောင်း​ကို သင်​တို့​မှတ်​မိ​ကြ၏။ သင်​တို့​တွင် တစ်​ယောက်​ကို​မျှ မ​နှောင့်​ယှက်​ခြင်း​ငှာ၊ ငါ​တို့​သည် နေ့​ည​လုပ်​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​ကြ၏။- မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။