YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 7:2-11

၁ ဓမ္မရာဇဝင် 7:2-11 JBMLE

သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။ တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ၏။ ရှ​မွေ​လ​က​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​ဇ​ပါ​မြို့၌ စု​ဝေး​စေ​ကြ​လော့။ သင်​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း​မည်​ဟု မှာ​ခဲ့​သည်​အ​တိုင်း၊ သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှိ​ရာ​သို့ စစ်​ချီ​ကြ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ကြောက်၍၊ ရှ​မွေ​လ​အား၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပါ​လော့​ဟု ဆို​ကြ၏။ ရှ​မွေ​လ​သည်​လည်း နို့​စို့​သိုး​သ​ငယ်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဆု​တောင်း၍ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ၏။ ရှ​မွေ​လ​သည် မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​စဉ်​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​တိုက်​ခြင်း​ငှာ ချဉ်း​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​အ​ပေါ်​မှာ ပြင်း​စွာ​မိုး​ချုန်း​စေ၍၊ သူ​တို့​တပ်​ကို ဖျက်​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ ရှုံး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​ဇ​ပါ​မြို့​မှ​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​လျက်၊ ဗက်​ကာ​မြို့​တိုင်​အောင် လိုက်​ကြ၏။