YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 5:1-12

၁ ဓမ္မရာဇဝင် 5:1-12 JBMLE

ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဒါ​ဂုန်​ကျောင်း​ထဲ​သို့​သွင်း၍ ဒါ​ဂုန်​အ​နား​မှာ ထား​ကြ၏။ အာ​ဇုတ်​မြို့​သား​တို့​သည် နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊ သူ့​ကို​ယူ၍ သူ၏​နေ​ရာ၌ တင်​ထား​ပြန်​ကြ၏။ တစ်​ဖန် နက်​ဖြန်​နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်၊ ခေါင်း​နှင့် လက်​ဝါး​နှစ်​ဖက်​ပြတ်၍ တံ​ခါး​ခုံ​ပေါ်​မှာ​တင်​လျက်၊ ဒါ​ဂုန်၌ ကိုယ်​တိ​တိ​ရှိ​သည်​ကို တွေ့​ကြ၏။ ထို​ကြောင့် ဒါ​ဂုန်၏​ယဇ်​ပု​ရော​ဟိတ်​များ၊ ဒါ​ဂုန်​ကျောင်း​သို့ ဝင်​သော​သူ​များ​တို့​သည်၊ အာ​ဇုတ်​မြို့၌​ရှိ​သော ဒါ​ဂုန်​ကျောင်း​တံ​ခါး​ခုံ​ကို ယ​နေ့​တိုင်​အောင် ကျော်​နင်း​လေ့​မ​ရှိ​ကြ။ အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။ အာ​ဇုတ်​မြို့​သား​တို့​သည် ထို​အ​မှု​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့် ငါ​တို့​ဘု​ရား​ဒါ​ဂုန်​အ​ပေါ်​မှာ လေး​သော​လက်​တော်​ကို တင်​တော်​မူ​သည်​ဖြစ်၍၊ ထို​ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ငါ​တို့​တွင်​မ​ရှိ​စေ​ရ​ဟု​ဆို​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။ ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။ တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​သည် ငါ​တို့​နှင့်​ငါ​တို့​လူ​များ​ကို မ​သတ်​စေ​ခြင်း​ငှာ လွှတ်​လိုက်​ကြ​ကုန်​အံ့၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ သွား​ပါ​လေ​စေ​ဟု ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လွန်​လေး​သော လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ တစ်​မြို့​လုံး​သေ​စေ​တတ်​သော အ​နာ​ရော​ဂါ နှံ့​ပြား​လေ၏။ သေ​ဘေး​နှင့်​လွတ်​သော်​လည်း မြင်း​သ​ရိုက်​နာ​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ၍၊ ထို​မြို့​အော်​ဟစ်​သော​အ​သံ​သည် မိုး​ကောင်း​ကင်​သို့ တက်​လေ၏။

​၁ ဓမ္မရာဇဝင် 5:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။