YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 3:1-8

၁ ဓမ္မရာဇဝင် 3:1-8 JBMLE

သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။ တစ်​ရံ​ရော​အ​ခါ ဧ​လိ​သည် မိ​မိ​နေ​ရာ၌ အိပ်​လျက်၊ သူ၏ မျက်​စိ​မှုန်​သော​ကြောင့် မ​မြင်​နိုင်​သည်​ကာ​လ၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ရှိ​ရာ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ မီး​ခွက်​မ​သေ​မီ၊ ရှ​မွေ​လ​သည်​လည်း အိပ်​လျက်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှ​မွေ​လ​ကို ခေါ်​တော်​မူ၍၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​သ​ဖြင့်၊ ဧ​လိ​ထံ​သို့ ပြေး၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​က ငါ​မ​ခေါ်၊ အိပ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ အိပ်​ပြန်​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။ ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။ တ​တိ​ယ​အ​ကြိမ် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​ထ​ပြီး​လျှင် ဧ​လိ​ထံ​သို့​သွား၍ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို ခေါ်​တော်​မူ​ကြောင်း​ကို ဧ​လိ​သည်​ရိပ်​မိ​လျှင်၊