YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 27

27
ဖိ​လိ​တ္တိ​တို့​ထံ​ဒါ​ဝိဒ်​ရောက်​ရှိ​ခြင်း
1တစ်​ဖန်​ဒါ​ဝိဒ်​က၊ ငါ​သည် ရှော​လု​လက်​ဖြင့် ဆုံး​ရှုံး​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ ဖိ​လိ​တ္တိ​ပြည်​သို့ အ​လျင်​အ​မြန် ပြေး​ကောင်း၏။ သည်​ထက်​ကောင်း​သော​အ​ရာ​မ​ရှိ။ သို့​ပြု​လျှင် ရှော​လု​သည် ဣ​သ​ရေ​လ​ပြည်​နယ်​တွင် ငါ့​ကို ရှာ၍​မ​တွေ့​နိုင်​ကြောင်း​ကို သိ​လျက်၊ အား​လျော့၍ သူ့​လက်​မှ ငါ​လွတ်​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း၊ 2မိ​မိ၌​ပါ​သော လူ​ခြောက်​ရာ​နှင့်​တ​ကွ ထ၍ ဂါ​သ​မင်း​မော​ခ​သား အာ​ခိတ်​ထံ​သို့ ကူး​သွား​ကြ၏။ 3ဒါ​ဝိဒ်​နှင့် သူ၏​လူ​များ​တို့​သည် အ​သီး​အ​သီး မိ​မိ​သား​မ​ယား​ပါ​လျက် ဂါ​သ​မြို့၊ အာ​ခိတ်​မင်း​ထံ​မှာ နေ​ကြ၏။ ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက်၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​ပါ​သ​တည်း။ 4ဒါ​ဝိဒ်​သည် ဂါ​သ​မြို့​သို့ ပြေး​သွား​ကြောင်း​ကို ရှော​လု​သည်​ကြား၍ နောက်​တစ်​ဖန် မ​လိုက်​မ​ရှာ​ဘဲ နေ၏။ 5ဒါ​ဝိဒ်​သည် အာ​ခိတ်​မင်း​ထံ​သို့​ဝင်၍၊ ကျွန်​တော်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သည်​မှန်​လျှင် ကျွန်​တော်​နေ​စ​ရာ တော​ရွာ​တစ်​ရွာ​ကို သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​သည် မြို့​တော်၌ ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ​သော်၊ 6ထို​နေ့၌ အာ​ခိတ်​မင်း​သည် ဇိ​က​လတ်​မြို့​ကို​ပေး၏။ ထို​ကြောင့် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် ဇိ​က​လတ်​မြို့​ကို ပိုင်​ကြ၏။ 7ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​ပြည်၌​နေ​သော နေ့​ရက်​ပေါင်း​ကား တစ်​နှစ်​နှင့်​လေး​လ စေ့​သ​တည်း။
8တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် သွား၍ ဂေ​ရှု​ရိ​လူ၊ ဂေ​ရ​ဇိ​လူ၊ အာ​မ​လက်​လူ​တို့​ကို တိုက်​ကြ၏၊၊ ထို​လူ​မျိုး​တို့​သည် ရှေး​ကာ​လ၌ ရှု​ရ​မြို့​လမ်း​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် အ​မြဲ​နေ​သော​သူ ဖြစ်​သ​တည်း။ 9ထို​ပြည်​ကို ဒါ​ဝိဒ်​သည်​လုပ်​ကြံ၍ ယောက်ျား​မိန်း​မ တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​ချမ်း​သာ​မ​ပေး။ သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်၊ အ​ဝတ်​တန်​ဆာ​တို့​ကို သိမ်း​ယူ၍ အာ​ခိတ်​မင်း​ထံ​သို့ ပြန်​သွား​လေ၏။ 10အာ​ခိတ်​မင်း​က၊ သင်​တို့​သည် ယ​နေ့ အ​ဘယ်​အ​ရပ်​သို့​သွား၍ တိုက်​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ယု​ဒ​ပြည်​တောင်​ဘက်၊ ယေ​ရ​မေ​လ​ပြည်​တောင်​ဘက်၊ ကေ​နိ​ပြည်​တောင်​ဘက်​သို့ သွား၍ တိုက်​ပါ​သည်​ဟု လျှောက်၏။ 11ထို​သို့ ဒါ​ဝိဒ်​ပြု​ပြီ​ဟု ဂါ​သ​မြို့​သို့​လာ၍ သ​တင်း​ကြား​ပြော​မည့်​သူ မ​ရှိ​စေ​ခြင်း​ငှာ ယောက်ျား​မိန်း​မ တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​ချမ်း​သာ​မ​ပေး။ ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​ပြည်၌​နေ​သော ကာ​လ​ပတ်​လုံး ထို​သို့​ပြု​လေ့​ရှိ၏။ 12အာ​ခိတ်​မင်း​က၊ ဒါ​ဝိဒ်​သည် မိ​မိ​ကို မိ​မိ​လူ​မျိုး အ​လွန်​စက်​ဆုပ် ရွံ​ရှာ​သည်​တိုင်​အောင် ပြု​ပြီ။ သို့​ဖြစ်၍ ငါ့​ထံ၌ အ​စဉ်​ကျွန်​ခံ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​စ​ကား​ကို​ယုံ​လျက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ