YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 24:10-18

၁ ဓမ္မရာဇဝင် 24:10-18 JBMLE

ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဥ​မင်​ထဲ​မှာ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​ကြောင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို​သတ်​စေ​ခြင်း​ငှာ အ​ချို့​တို့​သည် တိုက်​တွန်း​သော်​လည်း၊ ကျွန်​တော်​သည် နှ​မြော​သော​စိတ်​ရှိ၍၊ ငါ့​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ခံ​သူ ဖြစ်​တော်​မူ​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​သည် လက်​ကို​မ​ဆန့်​ဟု အ​ကြံ​ရှိ​ပါ၏။ ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​အား ပြစ်​မှား​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။ ရှေး​ပုံ​စ​ကား​လာ​သည်​အ​တိုင်း၊ ဆိုး​သော​သူ​လက်​မှ ဆိုး​သော​အ​မှု​ထွက်​တတ်၏။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ဘယ်​သူ၏​အ​တွက်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ကို​လိုက်၍ ရှာ​တော်​မူ​သ​နည်း။ ခွေး​သေ​ကောင်​ကို လိုက်၍ ရှာ​တော်​မူ​သ​လော။ ခွေး​လှေး​ကို လိုက်၍​ရှာ​တော်​မူ​သ​လော။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကြည့်​ရှု၍ ကျွန်​တော်​အ​မှု​ကို​စောင့်​သ​ဖြင့်၊ ကျွန်​တော်​ကို ကိုယ်​တော်​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ရှော​လု​အား လျှောက်​ဆို၏။ ထို​သို့​ဒါ​ဝိဒ်​သည် ရှော​လု​အား အ​ကုန်​အ​စင်​လျှောက်​ဆို​ပြီး​မှ၊ ရှော​လု​က ငါ့​သား​ဒါ​ဝိဒ်၊ ငါ​ကြား​သော စ​ကား​သံ​သည် သင့်​စ​ကား​သံ​လော​ဟု​မေး​လျှင် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။ တစ်​ဖန်​လည်း၊ သင်​သည် ငါ့​ထက်​သာ၍ တ​ရား​စောင့်၏။ သင့်​အ​ကျိုး​ကို ငါ​ဖျက်​သော်​လည်း၊ သင်​သည် ငါ၌ အ​ကျိုး​ကျေး​ဇူး​ပြု​ပြီ။ ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။